အားကွေ့ အပိုင်း(၄၆ မှ ၅၀ထိ)
#46 ( အစ၏အဆုံး ..အဆုံး၏အစ )
      မဟူရာဟူသောအရောင်သည် နက်မှောင်ခြင်းကိုဆိုလိုသည်.. အနက်ရောင်သည် စွမ်းအားကြီးခြင်း နက်ရှိုင်းခြင်း တည်ငြိမ်ခြင်းကို ဆောင်သော်လည်းအခြားတဖက်တွင် မူ ခြောက်ခြားခြင်း အားငယ်ခြင်း အထီးကျန်ခြင်း တည်းဟူသော ဝေဒနာကို ပေးစွမ်း နိုင်သည့်ဂုဏ်သတ္တိရှိပေ၏...
       ယခုလို လမိုက်ညမျိုးတွင်မူ စွမ်းအားကြီးခြင်း နက်ရှိုင်းခြင်းဂုဏ်ကိုမဆောင်ဘဲ .. ခြောက်ခြားခြင်း အားငယ်ခြင်းဟူသော ၀ိသေသကိုသာလျှင် ခံစားရမည်ဖြစ်လေသည်. ပိန်းပိတ်အောင်မှောင်နေသည့် သန်းခေါင်ယံညတွင် ပြိုင်တူဟစ်အော်လိုက်သော ခွေး များကြောင့် တော်ရုံတန်တန်ရုံအသည်းငယ်သူတစ်ယောက်အတွက် အိမ်ထဲတွင်ပင် ကြောက်ရွံ့နေပေလိမ့်မည်..
        ပါးစပ်ကသာထုတ်ဖော်မပြောရင်နေမည်.. အမှောင်ကိုမည်သူမဆို မနှစ်သက် .. အလင်းကိုသာ နှစ်လိုကြသည်.. အကာလ ည ရောက်ပြီဆိုသည်နှင့် ငယ်စဉ်ကတည်း က စွဲမြဲစွာ ကြားခဲ့ရသော ယုံတမ်းပုံပြင်တို့ကြောင့် အမှောင်ကို အားကိုးကာ သရဲ တစ္ဆေများ လည့်လည်သွား လာနေကြသည် ဟုအလိုလိုစိတ်ထဲ တွေးထင်မိလာ၏... အလိုလို ကြောက်ရွံ့ အားငယ်လာကြ၏.. .. တချို့ဆိုလျှင် နောက်ဖေး နောက်ဖီမျှ မသွားရဲလောက်အောင်ပင်ဖြစ်လာကြ၏..
          ခိုးသား ဓါးပြများနှင့် မကောင်းမှုပြုလုပ်သူအနည်းငယ်သာလျှင် ည ကို နှစ်ခြိုက် ကြသည်မဟုတ်လော..
         ကျောင်းလီမြို့မှလူများလည်း အမှောင်ကို မနှစ်သက်ကြသည်ကတော့သေချာ သည်ပင် .. နေမင်း၏အလင်းရောင်ကုန်ပြီ ဆိုသည်နှင့် နေအိမ်အသီးသီးသည် မီးအိမ်များကို ထွန်းညှိလိုက်ကြပြီး တတ်စွမ်းသလောက်နှင့် အမှောင်ထုကို အန်တု ကြသေး၏.. ပြီးနောက်တွင် မိသားစုရှိသူများက စကားလက်ဆုံကြရင်း ဘ၀ရှေ့ရေး အတွက် တိုင်ပင်သူက တိုင်ပင်..  အတိတ်အကြောင်းကို ပြန်လည်တူးဆွသူက တူးဆွ .. ပုံတိုပတ်စများ ဆုံးမသြောဝါဒများ .. ရယ်စရာမောစရာများ ပြောကြားကြပြီးနောက် နောက်တနေ့တာအတွက် ခွန်အားပြည့်ဝအောင် အိပ်စက်အနားယူကြသည်..
           တကိုယ်ရေတကာရသမားများအတွက်တော့ .. ည .. ဟူသည်မှာ သူတို့ အတွက် ကျိန်စာဆိုးကြီးတစ်ခုပင်.. စိတ်အားငယ်ခြင်း .. အထီးကျန်ခြင်း ဝေဒနာကို ပိုမိုခံစားရသူများ ဖြစ်သဖြင့် ယောက်ျားဆိုလျှင်  အရက်သောက်ကာ စိတ်ဖြေသူက ဖြေ .. အရက်မသောက်လျှင် အပျော်အိမ် သွားရင်သွား .. ခြူးတပြားမှမရှိသူများ အတွက်တော့ မျက်စိနှစ်လုံးကို တင်းတင်းပိတ်ကာ ရအောင်အိပ်ရပေတော့သည်..
              တစ်ကိုယ်ထဲ အမျိုးသမီးများအတွက်တော့ မီးအိမ်နဘေးတွင် ချည်ထိုးပန်းထိုးလုပ်ရုံ မှ တပါးအခြားမရှိပြီ... အိပ်ချိန်ကြလာမှ တ၀ါးဝါးဖြင့် သန်းကာ အိပ်ယာထဲဝင်ပြီး စိတ်ကူးယဉ်အိမ်မက်မက်ရုံသာ ....
                နေ့တဒူဝသော ည တိုင်းသည် ဤသို့ဤနှယ်သာရှိ၏ ..သို့သော် ယနေ့ ညသန်းခေါင်တွင်မူ ခိုးသားဓါးပြလည်းမဟုတ် .. မကောင်းမှု၌ မွေ့လျော် သူလည်းမဟုတ်သည့်  လူတစ်ယောက်သည် အမှောင်ထုကို အားပြုလျှက် လေ ကဲ့သို့ လျှင်မြန်ခြင်းနှုန်းဖြင့် အိမ်ခေါင်မိုးများကို နင်းဖြတ်လာနေသည်..
               ကော့ကွေးနေသည့် အုတ်ကြွတ်များသည် .. ခိုင်ခံလှသော်လည်း .. လူတစ်ယောက်တက်ပြေးလျှင်တော့ ''ဂျလွတ် ..ဂျလွတ်''' နှင့်အသံများ ထွက်ပေါ် နိုင်သော်လည်း ..အနှီလူသား  ဖြတ်သန်းသွားရာတစ်လျှောက်တွင်တော့ မည့်သည့် အသံပလံမှမထွက်...
                 တအိမ်ပြီးတအိမ်ကို လွှားကနဲ လွှားကနဲခုန်ကျော် နေသော ထိုသူ မှ ... ဟူနန်နယ်က အားကွေ့ပင်ဖြစ်လေသည်..
                ကျောင်းလီမြို့သည် သူ၏ခြေဖ၀ါးအောက်တွင်သာ ရှိတော့သလို ယုံကြည်ချက်မြင့်မားနေသော အားကွေ့သည် သူ၏ရည်ရွယ်ရင်း ဖြစ်သည့် သူဌေးဝူ ၏ စံအိမ်တော်သို့ ပြေးလွှားနေခြင်းဖြစ်၏...
                   တမြို့လုံးတွင် စည်းစိမ်ရှင်ဆိုင်ကြီးကိုးဆိုင်မှလွဲလျှင် ... သူဌေးဝူ၏ စံအိမ်တစ်ခုထဲသာ သက်ဝင်လှုပ်ရှားလျက်ရှိသည်..
                   စံအိမ်အနီးသို့ရောက်သောအခါ အားကွေ့သည် သူ၏ခါးတွင်ပတ် ချည်ထားသော ရှောင်းဟူ သားရေကြိုးကို ဖြုတ်ကာ လက်ထဲတွင် ကိုင်ထား လိုက်၏.. ၀င်းထဲတွင်တော့ မီးဒုတ်ကိုင် အစောင့်များ ဆယ်ယောက်ခန့်ရှိလေသည်..
                  '''ဟူး...ဖလတ်..ဖတ်...'''
                   ပေနှစ်ဆယ်ခန့်မြင့်သော ကျောက်ဝင်းနံရံကို ခုန်ကျော်လိုက်ပြီးနောက် သူ၏လက်ထဲမှ သားရည်ကြိုးဖြင့် အကိုင်းအခက်များ ဝေေ၀ဆာနေသည့် သရက်ပင် ကြီးအား ရစ်ပတ်တွဲရွဲခိုကာ ကိုင်းပေါ်သို့တက်ထိုင်လိုက်သည်.. ထိုနေရာမှကြည့်လျှင် စံအိမ်ကြီးတစ်ခုလုံးကို အပေါ်စီးမှ မြင်နေရသည်လေ..
                   သရက်ကင်းများပြွတ်ခဲအောင် သီးနေသဖြင့် ငတ်ကြီးကျ အားကွေ့ မှာ လေးငါးလုံးခန့် ခူးစားလိုက်ပြီး တအိမ်လုံးအနေအထားကို တွက်ကာ သူဌေးဝူ မည်သည့် အခန်းတွင်ရှိနိုင်မည်လည်းဟု တွက်ချက်ကြည့်နေသည်..
  ===
             သူဌေးဝူတဖြစ်လည်း .. သွေးအရိပ်သည် ..သူ၏ ကြီးမားနီရဲ လှသော နှာခေါင်းကြီး တစ်လှုပ်လှုပ်ဖြင့် ပက်လက်ထိုင်ခုံတွင် ဇိမ်ကျနေ၏.. သူ၏ ဘ၀သည် သာယာပါဘိတောင်း... အဟောသုခံ ချမ်းသာပါဘိတောင်း..  
             ရွှေဆိုအပုံပုံ ငွေဆိုအပုံပုံ မိန်းမချောများ အဖုံဖုံနှင့် အရက်မျိုးစုံ သောက် နိုင်သော ဘ၀ကြီးတွင် နေထိုင်ရသည်လောက် မည်သည့်အရာကမှ စိတ်ချမ်းသာ စရာမကောင်းတော့ပြီမဟုတ်လား ..
             တရက်တရက် ယစ်ရွှေရည်လေးမှီဝဲ... သူ့အားမထော်မငန်းပြုသည့် ရွှေလုပ်သားများကို နှိပ်စက်တန်သည်နှိပ်စက်.. တနေ့တာရရှိလာသော ရွှေငွေများ စု ဆောင်းပြီးသည့်နောက်တွင်... ဖုထစ်ပျိုမြစ်လှသော အမွှေးနံ့ လွှမ်းခြုံနေသည့်  မိန်းမပျိုလေးများနှင့် ပျော်ပါး.. အားအင်ကုန်ခန်းသွားသောအခါတွင်မူယခုကဲ့သို့     ပက်လက်ထိုင်ခုံတွင်ထိုင်ရင်း အားတိုးဆေးအဖုံဖုံကို သောက်နေတတ်သည်..
            ယခုလည်း သူ၏လက်စွဲတော် အားတိုးဆေးအရက်ကိုသောက်နေ၏..
တိဗက်ဒေသ လာဆာ မှတကူးတကမှာယူထားသော ထောပတ်အရက်တွင် ဂျင်ဆင်း ဖျံသို .. ကျားနို့ .. ဆောင်းပိုးနွေမြက် ..ကြံ့ဂျိုနှင့်  အခြားပရဆေးများထည့် စိမ်ထား သော အနှီအရက်သည်.. တခွက်ဆို ဆိုသလောက်အားကောင်းမောင်းသန် ဖြစ်လာစေသည်.. သူ့အတွက်တော့ အားကောင်းရန်လွန်စွာ အရေးကြီးသည်မဟုတ် လား.. အားကောင်းစေရန်လည်း မနက်ခင်းနိုးပြီဆိုသည်နှင့်  နွားနို့နှင့်ဂျူးမြစ်ကို ရောကျိုထားသည်ကို ခွက်တခွက်ခန့်သောက်သည်..  ငှက်ပျောသီး ..ကြက်ဥပြုတ် ငါးလုံးကို စားသည်.. နေ့ခင်းရောက်လျှင် ငါးရှည့်သွေးကို နွေးပြီးသောက်သည်.. ၀က်မိုးခိုသားကို စားသည်  .. ပျားရည်နှင့်ကြက်သွန် စိမ်ထားသည်ကို မှီဝဲသည် ..
              ထိုသို့ အစားကောင်းအသောက်ကောင်းများ မှီဝဲ၍လည်း နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဖြစ်နေခြင်းသာ ..
              တွေးရင်းတွေးရင်းဖြင့် .. စိတ် ပါ လာပြီးနောက် ..  သူ၏နဘေး ကုတင် တွင် အိပ်ပျော်နေသော မိန်းမပျိုလေးအား ကြည့်လိုက်သည်..
             အ၀တ်အစားဗလာကျင်းနေသည်မို့ မိမွေးတိုင်းဖမွေးတို်င်း ဖြစ်နေသည့် ကလေးမလေး၏နုငယ်သော မျက်နှာလေးတွင် ချွေးစများ မျက်ရည်စများပင် မခြောက်သေး .. ရုန်းကန် အော်ဟစ်နေသဖြင့် သူရိုက်ထားသောကြောင့် အရှိုးရာ ထင်နေသော မျက်နှာလေးမှာ နီရဲနေသည်မို့ .. တမျိုးတဖုံဆွဲဆောင်နေသယောင် ယောင်..
           သွေးအရိပ်၏ ကျဉ်းမြောင်းလှသော မျက်လုံးအစုံသည် အဖြူရောင် အိပ်ယာခင်းပေါ်မှ အနီရောင်အကွက်အား တဏှာခိုးဝေစွာ ကြည့်လိုက်ပြီးနောက် ..
              သူ၏ နီရဲမှည့်နေသော နှာခေါင်းကြီးသည် တဆတ်ဆတ်တုန်လာတော့ ၏..
                အိပ်ပျော်နေသော ကလေးမလေးကတော့ သူမ၏ ဒုတိယအကြိမ်မြောက် ငရဲခန်းထဲသို့. ပြန်လည်ကျရောက်မည်ကို မသိသေးသောကြောင့် အိမ်မက်ကမ္ဘာ ကြောဝယ်နစ်မျောကာနေသည်..
                 သွေးအရိပ်သည် နောက်ဆုံးလက်ကျန် အရက်ခွက်ကို တရှိန်ထိုး မော့ သောက်လိုက်ပြီး .. ထိုင်နေရမှ ထ ကာ ရွံ့ရှာစက်ဆုပ်ဖွယ်ရာရုပ်ဖြင့် မိန်းကလေး အနားသို့ ဖြေးငြင်းစွာတိုးကပ်သွားလိုက်၏..
             ထိုအချိန်တွင်အားကွေ့  စံအိမ်ပေါ်သို့ရောက်နေသည့် အချိန်တွင်ဖြစ် သည်.. သရက်ပင်ပေါ်မှ သရက်သီးကင်းများဖြင့် အစောင်ဆယ်ယောက်စလုံးကို ပစ်ခတ်သွေးကြောပိတ်ပြီး ခပ်တည်တည်နှင့် တက်လာခြင်းပင်..
              သန်းခေါင်ကျော်ပြီမို့ အိမ်တော်ထဲတွင်တော့ မည်သည့်အစောင့်များ စောင့်မနေပါ..
              '''. ငါနည်းနည်းလိုသွားတယ် အစောင့်တစ်ကောင်ကို သွေးကြောပြန်ဖွင့်ပြီး မေးလိုက်ရမှာ သူဌေးဝူဘယ်အခန်းမှာလည်းဆိုတာ .. အခုတော့ အခန်းတွေက အများကြီးပဲ .. '''
               အားကွေ့သည် ပထမဦးဆုံးတွေ့သော အခန်းကိုဖွင့်ကာ ၀င်သွားလိုက် သည် ... ဆီမီးခွက်ထွန်းညှိထားသည်မို့ အခန်းတွင်း အလင်းရောင်များဝင်းထိန်နေ၏ ..       အားကွေ့လည်း ခုတင်အနီးသို့ ကပ်ကာကြည့်လိုက်ရာ ..
             ''ဟိုက်... အ၀တ်အစားလည်းမ၀တ်ထားဘူး ဟ..'''
              စိတ်ထဲတွင် ဟိုက်ကနဲ ဖြစ်သွားပြီး လူပျိုပေါက်အားကွေ့ ရင်တုန်ပန်းတုန် ဖြစ်စေသည့် မြင်ကွင်းက .. ကိုယ်လုံးတီး မိန်းကလေးတစ်ယောက်၏ ၀တ်လစ်စလစ် ကိုယ်ခန္ဓာဖြစ်လေသည်..
             မ ဆို၍ ကျင်းကျုးနှင့်တွေ့ပြီးကတည်းက ခြေမ လက်မ သာမြင်ဖူးသော အားကွေ့မှာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ် နှင့်လုံးကြီးပေါက်လှ မိန်းမပိျု အားကြည့်ပြီး ကတုန်ကယင်ပင်ဖြစ်သွားလေ၏ ...
             အသက်ရှုလိုက်တိုင်း ဖောင်းမို့သွားသောရင်အစုံ  အားစိုက်ကြည့်မိကာ
  ရယ်ချင်သလိုလို ဟိုနားဒီနားကပဲယားလာသလိုလို ဖြစ်လာသည်မို့ ပြုံးစိစိနှင့် ..
  မိန်းမပျိုခြေရင်းနားသို့သွားကာ .. စောင်ပါးလေးအားယူ၍ လွမ်းခြုံပေးလိုက်သည်..
         ထို့နောက် တစ်ခန်းပြီးတခန်း လိုက်ဖွင့်ကြည့်လေ၏ ..  ကိုယ်ဖော့ပညာ ထိပ်တန်းရောက်နေသည်က တစ်ကြောင်း .. အိပ်မောကျချိန်ဖြစ်နေသည်က တစ်ကြောင်း သူအိမ်တော်ထဲ ရောက်နေသည်ကို မည်သူမှသိဟန်မတူပေ..
            မိန်းကလေးများကတော့ အရွယ်စုံ ပုံစံစုံပင် ..အခန်းပေါင်း ရှစ်ခန်းကို ဖွင့်ကြည့်ပြီးနောက်တွင် .. မိန်းမပျိုရှစ်ယောက်၏ တကိုယ်လုံးအလှအပကို မြင်ပြီးဖြစ် ၍  ယနေ့တညထဲနှင့်ပင် သူ့ကိုယ်သူ လူပျိုတစ်ယောက်ပီပီ ပြင်ပြင်ဖြစ်နေမှန်း သတိထားမိလိုက်သည်...
               ထိုစဉ် အခန်းတခန်းဆီမှ .. ငိုရှိုက်သံနှင့်အတူ ရုန်းကန်သံ ပေါ်ထွက်လာ လေ၏...
             ''မလုပ်ပါနဲ့တော့ရှင်.. တောင်းပန်ပါတယ်ရှင် .. ကျွန်မ..ကျွန်မ ..အဟင့် အဟင့်.. အဟင့်'''
               ''ဟီးဟီး ..မင်းဘယ်လောက်အော်အော် ဘယ်လောက်ရုန်းရုန်း .. ငါ့အိမ်တော်မှာ ဘယ်ကောင်မှ မင်းကိုလာကူမှာမဟုတ်ဘူး .. လောကစည်းစိမ် ကို အတူတူခံစားရအောင်လုပ်ပေးတဲ့ ငါ့ကို မင်းလေးက ကျေးဇူးတင်ရမှာ .. ရုန်းမနေနဲ့ ..×××××××''
          ကျက်သရေကင်းမဲ့သော အသံနှင့် နောက်ဆက်တွဲ ညစ်တီးညစ်ပတ်စကား များကို အားကွေ့ကြားလိုက်ရသဖြင့် . သူဌေးဝူမှန်း သေချာသွားသောကြောင့်    တံခါးအား ဆွဲဖွင့်လိုက်သည်..
        မိန်းကလေး၏ ခြေထောက်နှစ်ချောင်းကို ကိုင်ထားသော သူဌေးဝူ (၀ါ) သွေးအရိပ်သည် တံခါးဖွင့်သံကြားလိုက်ရ၍ နောက်လည့်အကြည့်တွင် နဖူးတွင် ရွှေရောင် ၀င်းဝင်းတောက်နေသော ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရလေ၏..
      သာမာန်ရုပ်ရည်မျှသာရှိသောလည်း ထူးခြားသော အသ၀ါကြောင့် သွေးအရိပ် ထိတ်ကနဲ ဖြစ်သွားပြီး ....
            '' မင်း..မင်း..ဘယ်သူလဲ .. '''
            အားကွေ့က အခန်းထဲသို့ တလှမ်းခြင်းဝင်လာခဲ့ပြီး..
           ''ကျုပ် ဘယ်သူမှန်းပြောတော့ ခင်ဗျားက သိမှာမို့လို့လား လူယုတ်မာ ခွေးသူခိုးကြီးရဲ့ ကိုယ့်သမီးအရွယ်လောက်ပဲရှိတဲ့ မိန်းကလေးကို ဖျက်ဆီးနေတဲ့ လူ့တိရစ္ဆာန်ကြီး ဒီနေ့တော့ ခင်ဗျား ကြီး ဒုက္ခလှလှသာတွေ့ဖို့ပြင်ပေတော့ ..'''
          သို့သော် အားကွေ့၏ စကားအဆုံးတွင် .. သွေးအရိပ်သည် နာမည်နှင့် လိုက်ဖက်အောင်ပင် လက်ဦးမှုရယူကာ တိုက်ခိုက်လိုက်တော့သည်..
          မိန်းကလေးက သူမ၏ အ၀တ်မဲ့ခန္ဓာကိုယ်ကို  စောင်ပါးလေးတထည်ဖြင့် ဖုံးအုပ်လျှက် တရှိုက်ရှိုက်ငိုနေသည် ..သူမ၏ အဖိုးတန် ပန်းဦးလေးမှာ လူယုတ်မာ လက်ချက်ဖြင့်နွမ်းကြေသွားပြီမဟုတ်ပါလား ...
           ''၀ှီး..၀ှီး  ..၀ှီး'''
            သွေးအရိပ်၏ နာမည်ကျော် ရေစီးရေဆန် သွေးကြောပိတ်သိုင်းပညာ ဖြစ်လေသည်.. ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခုကို ထိမိလိုက်သည်နှင့် တဖက်ရန်သူ ပျော့ခွေလဲကျနိုင်သော ထိုသိုင်းပညာ မှာ အမှန်တကယ် ထက်မြက်လှသည်..
              အားကွေ့အတွက်တော့ ထိုသိုင်းကွက်သည် ကလေးကွက်သာသာမျှသာ ရှိပေသည်..
             သို့သော်လည်း တိုက်ပွဲအတွေ့အကြုံသိပ်မရှိသေးသည်မို့ အခြေအနေ ကို စမ်းသပ်နေသည့်နှယ် ကျောက်စိမ်းမြေခွေး၏ အရိပ်တရာ ခြေလှမ်းတစ်ထောင် ခြေသိုင်းကွက်ကို သုံးကာ အခန်းထဲတွင် လည့်ပတ်ရှောင်တိမ်းနေသည်..
             ဤသည်ပင်လျှင် အတွေ့အကြုံနုနယ်ခြင်းပင်ဖြစ်သည်.. အမှန်စစ်စစ်တွင် တပါးသူ၏ ပိုင်နက်ထဲတွင်ဖြစ်၍ မြန်ဆန်နိုင်သမျှ မြန်ဆန်အောင် ပွဲသိမ်း ရမည် မဟုတ်ပါလား ..
             သွေးအရိပ်သည် သိုင်းလောကတွင်ကိုယ်ဖော့ပညာဖြင့် နာမည်ကျော် နေရာ မှ ယနေ့တွင်မူ သူ့ထက် ကိုယ်ဖော့ပညာကောင်းသည့် လူနှင့် လာတွေ့ နေရသည်... အခန်းကျဉ်းထဲတွင်ပင်လျှင် .. သွက်လက်ပေါ့ပါးစွာ ရှောင်တိမ်းနိုင် သော ကောင်လေးအား တဖြည်းဖြည်းဖြင့်ပင် လန့်၍လာ၏.. ..
             အားကွေ့ကလည်း သူဌေးဝူဟု သူသိထားသော အနှီ တဏှာရူးကြီးသည် မည်သည့်အတွက်ကြောင့် ဤမျှသိုင်းပညာအဆင့်မြင့်လှရသနည်းဟု တွေးကာ သိုင်းကွက်အလှည့်အပြောင်းကို သေချာကြည့်မိမှ..
            ''ရေစီရေဆန် သွေးကြောပိတ်ကွက်.. ဟားဟားဟား.. လက်စသတ်တော့ သိုင်းလောကတစ်ခုလုံးရဲ့ ရွံစရာအကောင်းဆုံး ခွေးအိုကြီးသွေးအရိပ်ပါလား .. ကောင်းပြီ ခင်ဗျားကြီးက အကုသိုလ်တွေများလွန်းလို့ ..ချက်ခြင်းသေသွားရင် .. မတန်ဘူး ..နောက်တဏှာကြောမထနိုင်အောင် သင်းကွပ်ပြစ်ရမယ်.. ''''
            ''ဟင်း ခွေးကောင်လေး .. မင်းလိုကောင်ကို မှ ငါမသတ်နိုင်ရင် သွေးအရိပ် ဆိုတာဖြစ်မလာဘူးကွ.. '''
           '' ၀ုန်း..၀ုန်း..၀ုန်း.. '''
             သွေးအရိပ်သည် သူကမွေးမှ သူ့သားလောက်ရှိမည့်ကောင်၏ စကားကြီး စကားကျယ်ကြောင့် ဒေါသက ငယ်ထိပ်မှ ဖောက်ထွက် သွားတော့မတတ် စိတ်ဆိုး သွားကာ.. အားကွေ့အား သူ၏အထက်မြက်ဆုံးသော သိုင်းကွက်များ ဖြင့် တ၀ုန်း ၀ုန်း မြည်အောင် တိုက်ခိုက်လိုက်လေသည်..
           အားကွေ့လည်းထိုသွေးအရိပ်အား ရွံမုန်းလွန်းသဖြင့် ရှောင်တိမ်းခြင်းကို စွန့် လွတ်လိုက်ပြီး ထိပ်တိုက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်၏...
          ထိုစဉ်တွင် တ၀ုန်းဝုန်း တအုန်းအုန်း အသံကြောင့် နိုးလာကြသော အိမ်တော်အတွင်းရှိအစောင့်များသည် .. ရန်သူဝင်လာပြီမှန်း ရိပ်မိလိုက်၍ ..
       ''' ရန်သူ ရောက်နေတယ် ..ဟေ့.. ရန်သူ . .. '''
          အားကွေ့ကလည်း ယခုမှ မိမိကိုယ်မိမိ မှားမှန်းသိကာ ပွဲမြန်မြန် ဖြတ်ရန် ကျိုးစားလိုက်သည်..
        သွေးအရိပ်မှာလည်း ခေ သူမဟုတ်ရကာ အားကွေ့ ပွဲသိမ်းချင်တိုင်း ပွဲသိမ်း၍ မရပါ...
       သို့နှင့် အကွက်တစ်ရာခန့်အရောက်တွင်...
       '''ဖြန်း..ဖြန်း..ဖြန်း..'''
        အားကွေ့နှင့် လက်ဝါးရိုက်ချက်ချင်း  ခံဆောင်မိလိုက်သော သွေးအရိပ်သည် လေးဆသက်ရောက် တန်ပြန် အတွင်းအားဒါဏ်ကြောင့် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက် သွားမတတ်ခံစားလိုက်ရပြီး .. မျက်လုံးထဲတွင် ကြယ်များလများပင်မြင်လိုက်ရတော့ ၏..
        '''အား...ဝေါ့..''''
         သွေးများအပြင် .. ခုနကသူသောက်ထားသော တန်ဖိုးကြီးအရက်အားဆေး တို့ပါ ပြန်အန်ထွက်လာသည်..
          သွေးများအန်ထုတ်ပြီးနောက် သွေးအရိပ်သည် နာမည်နှင့်လိုက်ဖက်စွာ ယုတ်မာသော အမှုကိုပြုလုပ်လိုက်လေ၏.. ထိုအရာသည်က .. ခုတင်ထောင့်တွင် ကပ်နေသော မိန်းမပျိုလေး၏ လယ်တိုင်ကို လက်ဖြင့် ဖမ်းဆုပ်ကာ .. အားကွေ့အား
          ''.ဟေ့ကောင်.. ရှေ့တိုးမလာနဲ့.. မင်း.. မင်း.. လာတာနဲ့ ဒီကောင်မလေး.လည်ပင်းကျိုးပြီမှတ်.. ''''
          ''အဟင့်..ဟင့်..'''
         ကောင်မလေးက ပြူးဝိုင်းနေသော မျက်လုံးနှင့် တဆတ်ဆတ်တုန်အောင် ကြောက်ရွံ့ရှိုက်ငိုနေ၏....
        ထိုအခိုက်တွင်ပင်အခန်းရှေ့သို့ အစောင့်သိုင်းသမားများပါရောက်လာခဲ့သည်..
 မြေခွေးပေါက် အားကွေ့တစ်ယောက် မည်သို့ ဖြေရှင်းမည်နည်း .. တခြားသူ ဆိုလျှင် အခက်တွေ့မည်ဖြစ်သော်လည်း ဉာဏ်ကောင်းသော အားကွေ့အတွက်တော့ မခက်ခဲ လှပါ..
         ရှေးဦးစွာ.. သွေးအရိပ်အား ...
          ''ခင်ဗျားဟာခင်ဗျား ..သတ်ချင်သတ်ပေါ့ ..ကျုပ်က ကောင်မလေးကို ကယ်ဖို့ လာတာမှမဟုတ်ဘဲ .. ပြီးတော့ သူသေရင် ခင်ဗျားလည်း တစစီဖြစ်မှာပဲဟာကို .. တကယ် မသတ်ရဲပါဘူး .. သတ်ရဲတယ်ဆိုရင်လည်း ခင်ဗျားသဘောပဲ ...''''
          ဟု ပြောလိုက်ကာ .. သူ၏ ခါးမှ သားရေကြိုးကို ဖြုတ်ကာ အခန်းဝတွင် ရှိနေသော အစောင့်တို့ အား လည့်ကာတိုက်ခိုက်လိုက်လေသည်..
         '''ရွှီး...ရွှီး..ရွှီး..ရွှီး..ရွှီး''''
         '''အား...အမလေး..အားရိုး.. အင့်.. ..အား''
          မည်းနက်နေသော မြွေနဂါးကြီးသဖွယ် ၀ဲပျံလာသော ကြိုးနက်ကြီးအား အစောင့် ငါးယောက်မှာ အမည်းရောင်အရိပ်ဟုသာ မြင်လိုက်ရပြီး အတုံးအရုံး လဲကျသွား၏..
         ငြင်သာသော အသက်ထွက်ခြင်းဟူသည်မှာ အေးအေးချမ်းချမ်းနှင့် လောကကြီး အားနူတ်ဆက်သွားရခြင်းဖြစ်သည် ဟူသော စကားနှင့်အညီ ထိုငါးယောက်မှာ လောကကြီးအား နူတ်ဆက်ထွက်ခွာသွားရလေပြီဖြစ်သည်..
          သွေးအရိပ်သည်သူ့ဖက်လည့်လာသော အားကွေ့အား အကြောက်ကြီး ကြောက်သွားကာ .. စောင်ပြုတ်ကျနေ၍ ကိုယ်တုံးလုံးနှင့်  မိန်းကလေးအား သူ့ရှေ့တွင် ဆွဲကာလိုက်ပြီး ...
         '''ငါ.ငါ..ငါ..ဒီကောင်မလေးကို ..တကယ်..တကယ်သတ်..သတ်မှာနော်..'''
          အားကွေ့က အသံတုန်တုန်ယင်ယင်နှင့် ချိန်းခြောက်နေသော သွေးအရိပ်အား ကြည့်ကာ ကြမ်းပြင်ပေါ်သို့ တံတွေးထွေးထည့်လိုက်ပြီး ..
            '''ထွီ.. သွေးအရိပ် ..သွေးအရိပ်နဲ့ နာမည်ကြီးနေတာ .. လက်စသတ်တော့ .. လူဖျင်း..  လူညံ့ ..လူကြောက်တစ်ယောက်ကိုးဗျ.. ခင်ဗျားကြီးရဲ့ ယောက်ျား ဘ၀တော့ ဒီနေ့ကုန်ဆုံးပြီသာမှတ်တော့.. '''
          စကားလည်းအဆုံးတွင် အားကွေ့၏ ကိုယ်ခန္ဒာသည်လျှပ်စီးလက်သွားသည့် သဖွယ် မြန်ဆန်သော အရှိန်ဖြင့် ရှေ့မှကာထားသော ကောင်မလေး၏ ပေါင်ကြားမှ လျှောတိုက်၍ ၀င်သွားလိုက်လေ၏...
         '''ဗြုတ်..'''ဟူသော အသံထွက်လာပြီး တခဏမျှ ကြာသော်..
           ''''..အု.အု..အု..အု..အား..သေပါပြီ..အရား..နာလိုက်တာ..အမယ်လေး.. သေပါပြီဗျ..'''
          ဟုအော်၍ လက်နှစ်ဖက်ကို ပေါင်ကြားသို့ ထည့်ရင်းအော်နေသော သွေးအရိပ်အား တွေ့လိုက်ရပေသည်... ဂွဆုံတွင် သွေးများ ပန်းထွက်နေပြီး  မျက်ဖြူပင်လန်ကာ သနားစဖွယ် အော်နေသော သွေးအရိပ်၏ မျက်နှာအား အားကွေ့က တံတွေးဖြင့်ထွေးပြီး ..
             ''ထွီ..လူယုတ်မာကြီး ခင်ဗျား ယောက်ျားဘ၀ကတော့ ဆုံးပြီ ..နောက်တခါ သရမ်းလို့မရတော့ဘူး... ခင်ဗျားလို ရာဂတဏှာအိုးအတွက် အခုလိုဆုံးရှုံးမှုကသေ တာထက်နာတယ်ဆိုတာ ကျုပ်သိတယ် .. အော်.. ခင်ဗျားကို ဆွဲဖြုတ်သွားတဲ့ ကျုပ်နာမည်မှတ်ထားလိုက်အုံး .. အားကွေ့တဲ့ ဗျို့ ..'''
          အားကွေ့က လက်ထဲတွင်ကိုင်ထားသော သွေးများစွန်းပေနေသည့် အရာကြီး ကို အော်ဟစ်နေသော  သွေးအရိပ်ပါးစပ်ထဲထိုးထဲ့ကာ ..
           '''. ခင်ဗျားကို သုံးသွားတဲ့သိုင်းက ခုနှစ်ဘုံကို ဖမ်းဆုပ်ခြင်းလို့ ခေါ်တယ် .. တောင်ပံတစ်ဖက် သိန်းငှက်နဲ့ နတ်ဖမ်းလက် တို့ ပေါင်းပြီးထွင်ထားတဲ့ သိုင်းကွက်မို့ ခင်ဗျားရှုံးသွားတာ ဂုဏ်တောင်ယူရအုံးမယ်သိလား... '''
          သွေးအရိပ် သွေးထွက်လွန်ကာ သေဆုံးသွားမည်ကိုမလိုလားသောကြောင့် အားကွေ့မှာ ပေါင်ခြံသွေးကြောများကို ပိတ်လိုက်သည်..
        သွေးသံတရွှဲရွှဲကို မြင်လိုက်ရသော မိန်းကလေးသည် လန့်ဖြန့်ကာ မေ့နေလေပြီ...
          ထိုနေ့ညကတော့ ထိုမိန်းကလေး၏ .. သွေးပျက်ဖွယ်ရာ ငရဲခန်း ည.. တစ်ည ဖြစ်လေတော့၏ ....
#47 ( အစ၏အဆုံး ..အဆုံး၏အစ )
       '''ဒီငနဲသားကြီးက သူပိုင်ဆိုင်သမျှကို ဒီထဲမှာထားမှာ အကုန်လိုက်ရှာအုံးမှ..''
      ဟုအတွေးပေါက်၍ အားကွေ့တစ်ယောက် သွေးအရိပ်၏ အဖိုးတန်ရတနာများ .. ရွှေငွေပစ္စည်းများကို ရှာနေသည် ...သွေးအရိပ်မှာလည်း သွေးထွက်လွန်ကာ သတိမေ့ နေသည်မို့ .. နိုးလာမည်မဟုတ်တော့ ..
        ကျန်ရှိနေသေးသော အိမ်တော်အမှုထမ်းများရောက်လာသေးသော်လည်း အခန်းအတွင်း အခြေအနေကို မြင်လျှင်မြင်ခြင်းပင် အခြေအနေကို သုံးသပ်မိကာ ဖနောင့်နှင့်တင်ပါး တသားထဲကျအောင် ပြေးထွက်သွားကြကုန်၏...
        သူတို့၏ ကျေးဇူးရှင် သွေးအရိပ်၏ အဖြစ်ဆိုး ကဲ့သို့မကြုံချင်သလို..လည်ပင်း တွင် အရှိုးရာကြီး ထင်လျှက် မျက်လုံးပြူးမျက်ဆန်ပြူးနှင့်သေဆုံးနေကြသော လက်ရွေးစင်သိုင်းသမား ငါးယောက် နောက်လည်း သူတို့မလိုက်ချင်ကြပေ..
       လူဆိုသည့်အမျိုးမှာ စံလျှင်သာ ပျော်ပျော်ကြီးစံစားလိုကြပြီး ..ခံစရာ ရှိမည့် အရေး ဆိုလျှင်တော့ အဲ့ကိစ္စ ငါနှင့်မဆိုင်ဟူသော စိတ်ထားရှိကြသည့် အမျိုးပင် မဟုတ်လား ..
      ထိုသူများအလုအယက်ထွက်ပြေးသွားကိုကြည့်ပြီး သဘောကျသလိုပြုံးကာ
သွေးအရိပ် ဖွက်ထားသော ပစ္စည်းကို လိုက်လံရှာဖွေဖို့ ပြုလုပ်လိုက်၏..
      သို့သော် တခန်းလုံးအနှံ့ရှာသော်လည်း အချည်းနည်းမျှသာ .. ရွှေနှင့်တူသည် ဟူ၍ အ၀ါရောင်အမှုန်ပင်မတွေ့ ..ငွေဖြင့်တူသည်ဟူ၍ ကြေးပြားပင်မတွေ့ချေ..
       ''' အင်း .. ဒီကောင်ကြီးကဉာဏ်နီဉာဏ်နက်များတော့  လွယ်လွယ်နဲ့တော့ ထားမှာမဟုတ်ဘူး ..တနေနေရာရာမှာ ဖွက်ထားမှာပဲ ..ဘယ်နေရာဖြစ်မလဲ .. ငါသာ သူ့နေရာမှာဆို ဘယ်နေရာမှာဖွက်ထားမလဲ ...'''
         အားကွေ့သည် မျက်မှောင်ကျုတ်သွားအောင် စဉ်းစားလိုက်ပြီးနောက်.. တခန်းလုံးကို စစ်စစ်ပေါက်ပေါက်ပြန်ကြည့်လိုက်၏..
     အခန်းလုံးအပြည့်ခင်းထားသော အနီရောင် မွှေးပွကြမ်းခင်း.. ခုတင်တစ်လုံး .. ခွေးခြေထိုင်ခုံလေးလုံးနှင့် စားပွဲတစ်လုံး . ဇိမ်ခံရန် ပက်လက် ထိုင်ခုံတစ်လုံး. စားပွဲပေါ်မှ ပျားဖယောင်းတိုင် တစ်တိုင်နှင့် မီးခံခွက်.. ပေသီးခုံတစ်ခု .. အရက်အိုးတစ်လုံး  ခွက်တစ်ခွက် .. အ၀တ်အစားထည့်ထားသော နံရံကပ် ဗီရိုတစ်လုံး...  ထိုဗီရိုဘေးတွင် ချိတ်ထားသော အ၀တ်အစားဗလာ နှင့် ပန်းကိုင်ထားသော မိန်းမပျိုလေးတစ်ယောက်  ပန်းချီကားမှ လွဲ၍ အခြားမရှိ ..ထိုအရာများကိုလည်း တစ်ခုမကျန်ရှာပြီးပြီဖြစ်ရာ...တခြားနေရာကို စဉ်းစား ရတော့မည်ဖြစ်၏...
       အတန်ကြာမှ...
           ''ဟုတ်ပြီ.. ငါသာ ခွေးအိုကြီးနေရာမှဆိုရင် .. ဘယ်သူမှ မထင်ထားတဲ့ နေရာမှာ ဖွက်ထားမှာပဲ.. ''
               ဟုတွေးတောပြီးသကာလ အနီရောင် မွှေးပွကြမ်းခင်းအား စူးရှသော မျက်လုံးအစုံဖြင့် လိုက်လံကြည့်ရှု့လေသည်... ထိုအခါတွင် ခုတင်ခြေရင်းရှိ ကြမ်းခင်း သည်အခြားနေရာများနှင့်မတူဘဲ နေရာအနေအထားပျက်နေ၍ .. လှန်လော ကြည့်လိုက်ရာ  သော့အိမ်တစ်ခုနှင့်ကြေးဝါလက်ကိုင်ကွင်း တစ်ခုကို တွေ့လိုက်ရ သည်..
         '''ဖြောင်း..'''
         ''ဂျလောက်'''
          အတွင်းအားအပြည့်ပါသော လက်ဝါးစောင်းကြောင့် သော့အိမ်မှာ အစိတ်စိတ် အမွာမွာကွဲကြေသွားလေ၏...
          သုံးပေခန့်အနက်ရှိပြီး နှစ်ပေခန့်ကျယ်သော အခန်းငယ်လေးအတွင်းတွင် သူတထူးကို ဂုတ်သွေးစုတ် ကာ အမြတ်ထုတ်ထားရယူထားသည့် သွေးအရိပ်၏ ရွှေငွေများ အဖိုးတန်ပစ္စည်းများ ပြည့်သိပ်စွာ ထည့်ထားသည်ကို အားကွေ့တွေ့လိုက် ရသည်..
          အားကွေ့သည် ခုတင်ပေါ်မှ ခြင်ထောင်စကြီးအား ''ဗြိ''ကနဲမြည်အောင် ဆွဲဖြဲ လိုက်ပြီး .. ထိုရွှေများ ရတနာများကို ခြင်ထောင်ဖြင့်လုံးကာ အထုပ်ကြီးတစ်ထုပ် အဖြစ် ထည့်ပြီးနောက်..
         မေ့မျောနေသော မိန်းကပျိုလေးအားစောင်လွမ်းခြုံပေးပြီး ..ရင်ဝသွေးကြောသို့ လက်ညိုးဖြင့် ထောက်ကူပေးလိုက်သည်..
        ''အင့်..''' ခနဲအသံထွက်လာပြီး မိန်းမပျိုလေးမှာ သတိရလာသည်.. သူမသည် အားကွေ့အား အလွန်ကြောက်ရွံ့နေပုံရပြီး မျက်ရည်များတွေတွေကျကာ ငေးငိုင် နေ၏..
        အားကွေ့က သူ့အားငေးနေသောမိန်းမပျိုလေးအား....
         ''ကိုင်း ...မိန်းကလေး .. မင်း ဒီလိုယုတ်ညံ့တဲ့အိမ်ကနေပြေးပေတော့ နည်းနည်းနေရင် ဒီအိမ်ကို ငါမီးရှို့ပြစ်တော့မှာ .. ကြားလား..''
        မိန်းကလေးမှာ တညထဲနှင့် သွေးပျက်ဖွယ်ရာအဖြစ်အပျက်ကို ကြုံတွေ့လိုက် ရသဖြင့် အသိနှင့်သတိကပ်ပုံမပေါ်တော့ပေ.. အားကွေ့ပြောသည်ကိုပင် ပြူးကြောင်ကြောင်ဖြင့်ကြည့်နေသဖြင့် .. အားကွေ့က သူမ၏ ပုခုံးမှကိုင်ကာ ရှေ့နောက် လွန်းထိုးအောင်လှုပ်ခါရင်း ..
       '''ဟေ့..ဟေ့.. ငါပြောတာကြားလား..''
        ခပ်ကြမ်းကြမ်းလှုပ်ခါမှုကြောင့် မိန်းကလေးမှာ အသိပြန်ဝင်လာပြီး တုန်ယင်သော အသံဖြင့်..
        '''ဟုတ်..ဟုတ်...ဟုတ်ကဲ့ ..'''
        မိန်းကလေးမှာ စောင်စနှစ်စကို ရင်ဘတ်ထိဖုံးအောင် ဆွဲစိလိုက်ပြီး ပျော့ခွေ နေသော ဒူးကို ငြိမ်အောင်ထိမ်းကာ ထရပ်လိုက်သော်လည်း .. ဟိုယိုင် ဒီယိုင်ဖြစ် နေဆဲ....
        ''  နေအုံး ခဏလေး ... မင်းအပြင်မှာ လုပ်စားကိုင်စားလို့ရအောင် ..ဒါတွေ ယူသွားလိုက်အုံး ..''''
      အားကွေ့က အထုပ်ကြီးထဲမှ ရွှေတုံးများကို လက်ဖ၀ါးနှစ်ဖက်ဖြင့် အပြည့် ကော်လိုက်ပြီး မိန်းကလေး၏ စောင်စအားဖြဲကာ အထုပ်လေးတစ်ထုပ်လုပ်ကာ ပေးလိုက်သည်..
        ထိုရွှေများသည် သူမ၏ဘ၀သစ်ထူထောင်ဖို့ရန်တော့ လုံလောက်ရုံမက ပိုလျှံ ၍ပင်နေပေတော့မည်.. .
         ယိုင်တိုင်တိုင်ခြေလှမ်းများဖြင့်ထွက်သွားသော မိန်းမပျိုလေး၏ နောက်ကျော ကိုကြည့်ကာ သက်ပြင်းမောကြီး တစ်ချက်ချလိုက်ပြီး အထုပ်ကြီးကို ပုခုံးပေါ်ထမ်းတင် ကာ ကျန်လက်တစ်ဖက်ဖြင့် သွေးအရိပ်အား ဂုတ်မှကိုင်ဆွဲလျှာက် မနှေးမမြန် အိမ်တော်ထဲမှ ထွက်လာခဲ့သည်.. သူ့အား တားဆီးမည့်သူမရှိ .. ရန်ပြုမည့်သူ တစ်ယောက်မှ မရှိပေ.. နေ့ခင်းကတွေ့ရသော အနီရောင် မြင်းလည်းများလည်း တစ်စင်းမှမရှိတော့ .. သူ့အားကြောက်လန့်ကာ ထွက်ပြေးသွားကြပြီထင်သည်..
ထို့အတူပင် .. အဆောင်ဆောင်အခန်းခန်းထဲမှ မိန်းမပျိုများလည်း တစ်ယောက်မှ မရှိတော့ပေ...
           အိမ်ဝင်း အပြင်သို့ ရောက်သောအခါ သွေးအရိပ်အား ပစ်ချလိုက်ပြီးနောက် အိမ်ထဲသို့ ကိုယ်ဖော့ပညာသုံး၍ ပြန်ပြေးဝင်သွားလိုက်သည်.. ထိုအိမ်ကြီးအား လက်စသတ်ရအုံးမည်မဟုတ်လား ..
           ကွမ်းတရာညှက်လောက်အကြာ  အိမ်ကြီးမီးဟုန်းဟန်းမတောက်ခင် အချိန်တွင် အရက်အိုးကိုလက်တွင်ကိုင်ကာ အားကွေ့တစ်ယောက်ပြန်ထွက်လာပြီး ..ခြင်ထောင်ထုတ်ကို ထမ်း၍  တည်းခိုဆောင်သို့ ပြန်သွားလေတော့၏ ...
              မကြာမီအချိန်အတွင်းတွင် အမှောင်ကိုကြောက်ရွံ့ကြသော ကျောင်းလီ မြို့သူမြို့သားများအတွက် .. ကြီးမားသော အလင်းရောင်ကြီးက သူဌေးဝူ (၀ါ) သွေးအရိပ်၏ စံအိမ်ကြီးနေရာတွင်ပေါ်ထွက်လာခဲ့သည်..
              အားကွေ့ကတော့ ညတွင်းခြင်းပင် အထုပ် နှစ်ထုပ်ကို ဒုတ်ဖြင့် လျှိုထမ်းကာ အရက်အိုးကို လက်တွင်ကိုင်လျှက် ကျောင်းလီမြို့မှ ထွက်ခွာလာခဲ့၏...
                သူ့အတွက်တော့ အမှောင်ဆိုသည်မှာ မိတ်ဆွေပင်မဟုတ်လား.
====++++====+++====++==
          မည်းမှောင်နေသော သန်းခေါင်ကျော် ည ၀ယ်  ချောမောပြေပြစ်သော အပျိုစင်လေးနှစ်ယောက် တောကြီးရိပ်ကြီးထဲတွင် ခရီးဆက်နေသည်ဟု ပြောလျှင် မည်သူမှ ယုံမည်မဟုတ်သော်လည်း .. မယုံသည့်သူအား ယန်အင်းမြို့နှင့် ကျောင်းလီ မြို့ကြားရှိ တောကြီးထဲသို့သာ လိုက်လံပြသလျှင်မူ ယုံကြည်နိုင်လောက်ပါသည်..
             အမှောင်ကိုမကြောက်သော သတ္တိခဲမိန်းပျိုနှစ်ယောက်မှာ တောလမ်းထဲတွင် ပင် တရိပ်ရိပ်ပြေးလွားနေကြသည်မှာ .. အလွန်တရာမှ မြန်ဆန်လွန်းလှ၏...
              အဆင့်အတန်းမြင့်လှသော ကိုယ်ဖော့ပညာ အသုံးပြုကာ ပြေးလွှားနေ သော ထိုမိန်းမပျိုနှစ်ယောက်မှာ ရှောင်လင်ကျောင်းသို့ ခရီးဆက်လာကြသော အမှောင်သခင်မလေးနှင့် ရှောင်မိန်တို့ဖြစ်လေသည် ..
             ရှောင်မိန်၏ ကိုယ်ဖော့ပညာအား ငဲ့ကာ ပြေးလွှားနေရသော   အမှောင် သခင်မလေး သည် .. ဆာလောင်နေ၍ ဆန္ဒပြနေသော ဗိုက်သား ချပ်ချပ်လေးကို လက်ဖြင့်စမ်းကာ ..
            ''ရှောင်မိန်ရယ် ...ငါဗိုက်အရမ်းဆာနေပြီ.. '''
              ''သခင်မလေးခဏလေး အောင့်ထားပါအုံး .. ညကြီးသန်းခေါင်ကျော် တော လမ်းထဲမှာဆိုတော့ .. စားစရာ ရှာမတွေ့လို့ပါ..နားစရာနေရာရှိရင် ..သခင်မလေး နားနေရစ် ..ရှောင်မိန် စားစရာသွားရှာပေးမယ် ..''''
                 သခင်မလေးသည် မွေးကတည်းက အဆောင်အယောင်များနှင့် ရွှေပေါ် မြတင်နေလာရသဖြင့် ... ယခုကဲ့သို့ အဆင်သင့် မဖြစ်သော လမ်းခရီးတွင် အစစအရာရာ ပင်ပန်းလှ၏... သိုင်းသမ မို့ ကိုယ်ပင်ပန်းခြင်းမရှိသော်လည်း .အသန့် အပြန့်နှင့် အကောင်းကြိုက်သော သူမအတွက်တော့ ထိပ်တန်းစားသောက်ဆိုင် များတွင် စားသောက်ရသည်ပင်လျှင် စိတ်ဆင်းရဲလှ၏....
                     သူမ လွီယွိ တောင်ပေါ်မှ ဆင်းသက်လိုက်ကတည်းက  ရှောင်မိန်၏ သတိပေးမှုအရ နေ့ခင်းတွင် မျက်နှာအားပုဝါဖြင့် ဖုံးအုပ်ထားရသည်ကလည်း နေရထိုင်ရ ကျဉ်းကျပ်လှသည်.. ညနက်သန်းခေါင်ကျော်တွင်မှ မျက်နှာဖုံးချွတ်ထားရ ၍ စိတ်ကျေနပ်ရမည်မရှိသေး ... ဗိုက်ကဆာလာပြန်သည်..
                     '''  ရှောင်မိန်..''
                    '''ရှင်သခင်မလေး.. '''
                    ''ငါနေ့ခင်းကြရင် ပုဝါမတပ်ချင်တော့ဘူး စိတ်အိုက်တယ် .. ''
                     ရှောင်မိန်က တိုးတိုးလေးရယ်လိုက်ပြီး ..
                    ''ဟင်းဟင်းဟင်း .. သခင်မလေးသာ ပုဝါမတပ်ထားရင်တော့ ရှောင်မိန်က နေ့တိုင်းလူသတ်နေရတော့မှာပေါ့ .. '''
                    ''ငါ့မျက်နှာကို မြင်တာနဲ့ နင်လူသတ်ရတာနဲ့ ဘာဆိုင်လို့လဲ ..'''
                    ''လောကကြီးမှာ ယောက်ျားဆိုတဲ့အမျိုးက တဏှာအရူးဆုံး ..သခင်မလေးရဲ့မျက်နှာကိုသာမြင်ရင် .. ပထမဦးဆုံး သခင်မလေးကို တဏှာခိုး ဝေနေတဲ့ မျက်လုံးတွေနဲ့ကြည့်မယ်.. ပြီးရင် ပါးစပ်သရမ်းမယ် .. အဲ့ခါကြရင် ရှောင်မိန်က အဲ့လူကို သတ်ရတော့မှာပေါ့ ..'''
                    ''ငါကဒီလောက်လှလို့လားရှောင်မိန်ရဲ့ ..'''
                   တောကြီးမြက်မည်းတွင်သာမွေးကတည်းက နေရထိုင်ရလာ၍ လောကကြီးအကြောင်းသိပ်မသိရှာသေးသော သခင်မလေးအား ကြည့်ကာ ..
                         '''လောကကြီးမှာ အရင်ကလည်း သခင်မလေးလောက် လှတဲ့ သူမရှိသလို နောင်လည်း မရှိနိုင်တော့ဘူး .. တလောကလုံးက ရှိရှိသမျှ တွေ ပေါင်းစု ထားသလိုမျိုးကို လှတာ သခင်ရဲ့ ..''''
                       မည်မျှဂုဏ်ရှိန်မြင့်သော ..မည်မျှ စခန်းကြီးသော အမျိုးသမီးဖြစ်ပါ စေ လှသည် ချောသည် ဟူသောစကားကြားရလျှင်  ပီတိဖြစ်မြဲ ဖြစ်၍ သခင်မလေး လည်းမိန်းကလေးပီပီ ရှောင်မိန်၏စကားကြောင့် မိမိကိုယ်မိမိပီတိဖြစ်သွားလေ၏..
ထိုစဉ် ရှေ့ဆီမှ အမည်းရောင်အရိပ်ကြီးတစ်ခုကို ရှောင်မိန်က မြင်လိုက်ရ၍ ...
                 ''သခင်မလေး ရှေ့မှာ အိမ်ပျက်လား ..ကျောင်းပျက်ကြီးလားမသိဘူး .. မြန်မြန်သွားရအောင် .. '''
                    သခင်မလေးသည် ရှောင်မိန်၏ စကားကြောင့် ကိုယ်ဖော့ပညာကို တဆင့်မြင့်လိုက်သည်..
                  '''ဟူး...ဟူး..ဖတ်..'''
                    သူမ၏ အဆင့်လွန်ကိုယ်ဖော့ပညာက အံ့မခန်းတည်း.. မျက်စိတမှိတ် အတွင်း၌ပင် .. ထိုအဆောက်အဦစီသို့ ရောက်သွားလေ၏..
                  တခဏမျှ အကြာတွင် ရှောင်မိန်က ရောက်လာပြီး ..
                   ''သခင်မလေး အထဲကို မ၀င်နဲ့အုံးနော် .. လူမနေတာ ကြာပြီ ထင်တယ် ညစ်ပတ်နေမှာ ..'''
                   သူမ၏ သခင်မမှာ မည်သည့်အန္တရာယ်ကို မှ မကြောက်သော်လည်း .. ညစ်ပတ်မည်ကိုတော့ အလွန်ကြောက်ပေသည်..
                   သခင်မလေးသည်.. အထဲဝင်မည်ဟန်ပြင်နေရာ မှ ရှောင်မိန်စကား ကြောင့် ကိုယ်ရှိန်သတ်လိုက်ပြီး
                  သူမ၏ဂါဝန်လေးကို မ ကာ အထဲသို့ချောင်းကြည့်လိုက်သည်.. သို့သော် မည်းမှောင်နေ၍ မည်သည်မှမမြင်ရ...
               ရှောင်မိန်က သူမ၏အထုတ်ထဲမှ ပျားဖယောင်းတိုင်တစ်တိုင်နှင့် မီးခတ် ကျောက်ကို ထုတ်ကာထွန်းညိုလိုက်ပြီး .. အထဲသို့ ၀င်သွားလိုက်၏..
               သူမထင်ထားသလောက်တော့ မညစ်ပတ်ပါ .. ခရီးသွားများ တစ်ထောက် နားရာ ဇရပ် ဖြစ်ဟန်တူသည်.. နတ်ရုပ်အချို့နှင့် ကောက်ရိုးပုံများကလွဲ၍ ဖုန်မှုန်များ ကင်းစင်နေသည်..
                  သခင်မလေးက နံရံအား လက်ညိုးဖြင့် ထိုးကြည့်လိုက်ပြီး ..
                ''ရွှံ့တွေပေနေတယ် ..ညစ်ပတ်တယ်နော် ရှောင်မိန်..တခြားနေရာ ရှာရအောင် ဒီမှာငါမနေချင်ဘူး ..'''
8
                 ရှောင်မိန်သည်သခင်မလေးအား ပျော့ပျောင်းသောအသံနှင့် ..
                  ''သခင်မလေးရယ် ..အရှေ့မှာ နားစရာမရှိရင် ဒုက္ခများနေပါအုံးမယ် .. ဒီမှာ ခဏလေးနားလိုက်နော် ရှောင်မိန် စားစရာ သွားရှာလိုက်အုံးမယ် .. '''
                   သခင်မလေး၏  အရည်လဲ့နေသော မျက်လုံးလှလှလေးသည် အရောင်တောက်ပသွားကာ ..
                     ''တကယ်ရအောင်ရှာခဲ့နော်...  ငါအရမ်းဗိုက်ဆာနေပြီ.. မြန်မြန် ပြန်လာနော်. ...'''
                   ရှောင်မိန်က သူမ၏ အ၀တ်ထုပ်တွင်းမှ ပစ္စည်း တစ်ခုကို ထုတ်လိုက် ပြန်သည်.. ခွက်တစ်ခွက်နှင့် ကြွေပုလင်းလေးတစ်ပုလင်းဖြစ်သည်.. ငွေသား ဖြင့် ပြုလုပ်ထားသော ထို ခွက်ထဲသို့ ကြွေပုလင်းထဲမှ အရည် နှစ်စက်ချလိုက်ရာ .တခန်းလုံး မွှေးပျံ့ကာသွား၏.... ပြီးနောက် သခင်မလေး ထိုင်ရန် အပြာရောင် အခင်းစတစ်စကိုထုတ်ခင်းပေးလိုက်ပြီးနောက် ထိုခွက်ကို ဘေးမှာ ချထား လိုက်သည်.. ငွေခွက်ထဲရှိအရည်စက်လေးမှာ ''ရှင်လျှက်သေ မူးယစ်ဝေ'' ဟူသော ပန်းပေါင်းတစ်ထောင်ဂေဟာ၏ လက်စွဲတော်ဆေးတမျိုးဖြစ်သည်.. အနံ့နည်းနည်း ရလိုက်သည်နှင့် ဗိုင်းကနဲလဲကျကာ သတိမေ့သွားမည့်ဆေးဖြစ်ပြီး သတိတခါမေ့လျှင်
အနည်းဆုံးနှစ်ရက်ခန့်ကြာသည် . သတိပြန်ရလာလျှင်တောင် နောက်ထပ်ခုနှစ်ရက် ခန့် အသိစိတ်ကင်းလွတ်နေတတ်ရာ အလွန်ထူးခြားသော ဆေးဖြစ်လေ၏..  
                   သခင်မလေးသည် ရှောင်မိန်ပြင်ပေးထားသော အခင်းပေါ်တက်ထိုင် ကာ ..
                  ''ရှောင်မိန် .. မြန်မြန်ပြန်လာနော် ..ငါအတွင်းအား ကျင့်ပြီးစောင့် နေမယ်..'''
                   ရှောင်မိန်သည်.. ခေါင်းကို ငြိမ့်ပြလိုက်ပြီးနောက် . အမှောင်ထဲသို့ ပြေးထွက်သွားလိုက်သည်..
                   တကယ်ဆိုရင် .. သူမတို့နှစ်ယောက်စလုံး အတွေ့အကြုံ နုနယ် ၍ ရေလိုက်လွဲနေခြင်းသာ .. ယခုလို သန်းခေါင်ကျော်အချိန်တွင် မည်သည့် အစားအစာ မှ မရှာသင့်တော့ဘဲ .. တစ်စုတစည်းထဲနေသင့်သည်မဟုတ်လား..
====++===++=====+++=====                
            အားကွေ့သည် ခြေလှမ်းများပင်မှားနေလေ၏.. အရက်ကို တခါမှ မသောက် ဖူးသည့် အပြင် ပထဦးဆုံးသောက်မိသော အရက်မှာ လည်း အစွမ်းထက်လှသော ကျားအားတိုးဆေး အရက်ဖြစ်နေမိသည်လေ.. .
              နားထင်သွေးကြောများ တဒိတ်ဒိတ်ခုန်နေသံကို ပင်ပြန်ကြားနေရပြီး .. မယိုးမယွနှင့် ဒုက္ခများနေ၏ ...ကျောင်းလီမြို့မှ ထွက်လာကတည်းက သောက်လာရာ အရက်မှာလည်း တစ်ဝက်ခန့်ပင်မကျန်တော့ .. ဆီးတောင့် သလိုဖြစ်နေ၍ အပေါ့ ခဏခဏစွန့်သော်လည်း .. မဟုတ်...
               မည်သို့အရက်ကြီးနည်းဟုတွေးကာ ခုနှစ်ကြိမ်မြောက်အဖြစ် တောထဲသို့ ၀င်ကာ အပေါ့စွန့်နေစဉ်.. ပိန်းပိတ်မှောင်နေသော လမ်း လေးပေါ်မှ လူတစ်ယောက် ကိုယ်ဖော့ပညာဖြင့် ကျောင်းလီမြို့သို့ ဦးတည်ကာ ပြေးထွက်သွားသည်ကိုတွေ့လိုက် ရ၏...
                 အတွင်းအားကောင်းလှသော အားကွေ့သည် အမျိုးသမီးငယ်တစ် ယောက်မှန်းသိမိ၍ အံ့အားသင့်သွားကာ ...
      .           ''အလို ..ကောင်းလိုက်တဲ့ ကိုယ်ဖော့ပညာ ငါ့လောက်နီးနီးပါလားဟ... ဘယ်ကမိန်းကလေးပါလိမ့်.. '''
                    ဟုတွေးမိပြီး ခေါင်းကို အနိုင်နိုင်ထူကာ ဆက်ပေါက်ပြီးနောက် လမ်းပေါ်တက်ကာ ဆက်လျှောက်သွားလေ၏.. အတန်ကြမျှ လျှောက်ပြီးလျှင် သူ၏ နားခေါင်းဝသို့ မွှေးပျံ့ချိုအီသော အနံ့တစ်ခုက ပြေးဝင်လာ၏..
                  မျက်စိနှစ်လုံးကို ဖြဲ၍ ကြည့်လိုက်ရာ ဇရပ်ကြီးတစ်ဆောင်ကို တွေ့လိုက် ရပြီး . .အမွှေးရနံ့မှာလည်း ထိုအထဲက ထွက်လာမှန်းသိလိုက်ရသဖြင့် ..
သူ၏ခြေလှမ်းကို ထိုအထဲသို့ ဦးတည်လိုက်သည်..
             အတွင်းအား ကျင့်နေ၍ မလုပ်ရှားနိုင်သော အမှောင်သခင်မလေးနှင့် ကျားအားတိုးဆေးအရက်သောက်ထားသော အားကွေ့တို့၏ ဇာတ်လမ်းက ဤတွင် စတင်လေ၏....
#48 ( အစ၏အဆုံး ..အဆုံး၏အစ )
         မျက်စိထဲတွင် ရောင်စုံအလင်းတန်းများပေါ်နေ၏.. အထိအတွေ့သည်နူးညံ့ အိစက်နေ၏... လှိုင်းလုံးများသဖွယ် အပေါ်တက်လိုက်အောက်ဆင်းလိုက်နှင့်မို့ ..ပြန်အကျတွင် အသဲတယားယား ရင်တဖိုဖို ဖြစ်မိ၏... အတန်ကြာတော့ အားကွေ့ တစ်ယောက် ပါးစပ်မှမပီ သော အသံများထွက်လာမိကာ.. မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်.. နေမင်းကြီး၏အလင်းရောင်သည် သူ၏မျက်နှာသို့ တည့်မတ် စွာကျဆင်းနေ၏....
           နူးညံ့သောကောက်ရိုးပုံပေါ်တွင် လှဲအိပ်နေမိသော အားကွေ့သည်..
           '''နိုးပြီလား ...''
            ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ကိုက်ခဲနေသောခေါင်းအား ကပြာကယာထောင်ပြီးကြည့်လိုက်ရာ မြင်းလည်းမောင်းနေသော လူကြီးတစ်ယောက် ကိုတွေ့လိုက်ရ၏.'. သူသည် မည်သို့မည်ပုံ အနှီလည်းပေါ်ရောက်နေသနည်း.....
              ထိုအခါမှ မိမိကိုယ်မိမိ သတိထားကြည့်မိသည်.. လက်ရှိပစ္စုပ္ပန် အခြေအနေကို ရောက်ဖို့ ယမာန်နေ့ညက အဖြစ်အပျက်တို့ကို ပြန်တွေးကြည့် မိသည်.. ည ကသူဇရပ်ထဲသို့ ၀င်သွားသည်.. အရက်ကြောင့် မူးနေသော သူ သည် .. ဇရပ်ထဲမှ မွှေးအီနေသော ရနံ့ကြောင့် ပိုမူးသွားသည်... ဇရပ်ထဲတွင် နတ်သမီး ရုပ်ထု တစ်ခုကိုတွေ့လိုက်မိသလိုလို ...
                 ဤမျှသာစဉ်းစား၍ ရ၏ ..ကျန်တာမည်သို့မျှ စဉ်းစားမရ... သို့နှင့် လူး လဲထလိုက်ပြီး ..
          '''ဗျို့ဦးကြီး .. ကျွန်တော် ဘယ်နှယ့်ကြောင့် ဒီလှည်းပေါ်ရောက်နေတာလဲဗျ'''
           '''တူမောင်ရေ့ ...မင်းနှယ် ..အရက်တွေမူးပြီး တောလမ်းဘေးမှာ အိပ်ပျော် နေလို့ ဦးကြီးတင်ခေါ်လာတာကွဲ့ .. အထုပ်တစ်ထုပ်က လေးလိုက်တဲ့ အမျိုးဆိုတာ တော်တော်လေးကို မ ယူလိုက်ရတယ် .. သောက်တာလည်း သောက်ပေါ့ကွယ် .. လူငယ်ပဲ .. ဒါပေမယ့် ခေတ် ကာလ ကမကောင်းတော့ .. ဆင်ဆင်ခြင်ခြင်နေတာ အကောင်းဆုံးပဲ... ''''
            ''ဟိုက် ..ငါကတော့ သိုင်းသမားလုပ်နေပြီး အသိလွတ်သွားရတယ်လို့ ..နောက်တခါဆိုဆင်ခြင်မှ ..''    
             ဟူ၍တွေးကာ .. မျက်စိနှစ်လုံးကိုပွတ်လိုက်ပြီး
            '''ဒါနဲ့ ဦးကြီးက အခုဘယ်သွားမလို့လဲ .. '''''
              ထိုလူကြီးမှာ လက်ထဲမှ နှင်တံနှင့် မြင်းကို တို့လိုက်ရင်း ..
             ''ဦးကြီးက ဟူပိန် နယ်ထဲသွားမလို့.. ''
              '''ဟူပိန် 湖北(hubei) ဆိုတာ ၀ူတန်တောင်ရှိတဲ့နေရာမဟုတ်လား ဦးကြီး'''
                လူကြီးကမြင်းလည်းမောင်းနေရာမှ ခေါင်းငြိမ့်ကာ ..
              ''ဟုတ်တယ် တူမောင် ရှီးယန့်နယ်ထဲမှာရှိတာ ဒါပေမယ့် ဦးကြီးက အဲ့ အထိရောက်မှာတော့မဟုတ်ဘူး....''''
               အားကွေ့က လည်းအစွန်တွင် ပြောင်းပြန်ဝင်ထိုင်လိုက်ရင်း ...
               '''အဲ့ဒါဆိုရင်လည်း .. ဦးကြီးရောက်မဲ့နေရာအထိသာမောင်းဗျာ ... ''''
=====+++++=======+++++=======+++====
        သိုင်းလောကကြီးသည် ကာလအတန်ကြာ ငြိမ်သက်နေရာ မှ ယခုအတော အတွင်း ထွက်ပေါ်လာသော သတင်းများကြောင့် ဟိုနားက ပွက်ပွက် ဒီနားကပွက်ပွက် ဖြင့် ပြန်လည် လှုပ်ရှားလာလေ၏...
        အချို့သတင်းများက ထူးခြားလှသလို အချို့သတင်းများက စိတ်ဝင်စားစရာ ကောင်းလှသည်... အထူးသဖြင့် နတ်သမီးရှုံးအောင်လှပသော မိန်းကလေး နှင့် သူမ၏အဖေါ်မိန်းကလေး နှစ်ယောက်ကြောင့်  မျက်စိကန်းသွားကြသော သိုင်းသမား များ ဟူသောသတင်းမှာ သိုင်းလောက အတွင်း အကျယ်လောင်ဆုံး သတင်းဖြစ်လေ သည် .. သူ့နောက်တွင် ကပ်လိုက်လာ သော သတင်းတစ်ပုဒ်မှာ နဖူးတွင် ရွှေရောင် အဆင်းရှိသောလူငယ် တစ်ယောက်အား ပန်းနီနီ အာမခံဌာနမှ ဆုငွေထုတ်ခြင်း ဟူသော သတင်းဖြစ်ပြီး နောက်တစ်ခုမှာမူ သိုင်းလောကအတွင်း ယန္တရားနှင့် နက္ခတ္တပညာရှင်  ကျူးဖုန်လျူ ထူးထူးဆန်းဆန်းပျောက်ဆုံးသွားမှုဖြစ်လေ၏...
        ထို့အပြင် မဟာမိတ်ဂိုဏ်း၏ မိတ်ဖက်ဖြစ်သောရွှေဗျိုင်းဖြူ စံအိမ်သခင်ကြီး သိုင်းရာဇာ ပါ့လောက်၏ ရင်နှစ်သဲခြာ တစ်ဦးတည်းသောသား ပါ့ထင်း ၏ မင်္ဂလာပွဲ မှာလည်း သိုင်းလောကအတွင်း စိတ်ဝင် စားစရာဖြစ်လာခဲ့၏...  ခုနှစ်မျိုးထူးချွန် ဆရာကြီးမုန့် ၏ မွေးစားသမီး နှင့် တပည့်ဖြစ်သူ များတက်ရောက်မည်ဟူ၍ သတင်း ထွက်လာသောကြောင့် လူအများအာရုံစိုက်စရာတစ်ခုဖြစ်လာသည်.. ..
          ထိုမင်္ဂလာပွဲအား ထင်းရှီ နတ်မယ်၏ တပည့်မ ဖြစ်သူလည်း တက်ရောက်မည် ဆိုသောအခါဝယ်.. ဆရာကြီးမုန့်နှင့် ထင်းရှီနတ်မယ်တို့၏ အတိတ်ကြောင်းခံကို သိထားကြသူများအတွက် ပို၍ စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့၏.. နှစ်ဖက် တပည့်များ ဆုံတွေ့သောအခါ ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ ရရန် အလားအလာရှိ သောကြောင့်ပင်...
           မဟာမိတ်အဖွဲ့အစည်းမှ လူများကလည်း သူတို့၏ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သော ရွှေဗျိုင်းဖြူစံအိမ်သခင်လေး မင်္ဂလာပွဲအား အဖက်ဖက်မှ ပံပိုး ကူညီနေကြ သည်ဖြစ်ရာ သေချာပေါက် သိုင်းလောကတွင် အကြီးကျယ် အခန်းနားဆုံး မင်္ဂလာ ပွဲကြီးတစ်ပွဲ ဖြစ်ရန်သေချာသလောက်ရှိသည်.. ..
====+++++=====++++====+++++=====
              အားကွေ့သည်  ၀ူတန်တောင်ခြေရှိ ရိုးရှင်းသော ကျောက်စာတိုင် ကို လေ့လာနေသည်.. အဖြူရောင်ကျောက်သားဖြစ်ဟန်တူသော်လည်း နှစ်ကာလ ကြာမြင့် လှပြီဖြစ်သောကြောင့် မွဲသဲသဲ အရောင်ပေါက်နေလေပြီ...
               သို့သော် .. ၀ူတန်ဟူသော အနက်ရောင်စာလုံးမှာ ထင်ပေါ်လျှက်ပင် ရှိသေး၏ .. ထိုစာလုံးအား လက်ဖြင့်အသာပွတ်ကြည့်နေတုန်း...
               ''' တွေ့လား ဦးလေး .. ၀ူတန်ဆိုတဲ့ နာမည်ကို တောသားအရိုင်းအစိုင်း တောင် မခန့်ဘူးဆိုတာ.. '''
               အားကွေ့သည် ၀ူတန်ဂိုဏ်းနှင့်သူ့အား စော်ကားမော်ကားပြောသံကြောင့်  နောက်သို့လည့်ကြည့်လိုက်၏...သူ့အားပြုံးစိစိနှင့်ကြည့်နေသော အသက်နှစ်ဆယ် အရွယ် လူငယ်နှင့် ရုပ်ရည်ကြမ်းတမ်းပြီး အမည်းရောင် ၀တ်စုံကို ၀တ်ဆင်ထားသော
အသက်လေးဆယ်အရွယ် လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်..
               လူငယ်မှာ ကျောက်စိမ်းနားကွင်းကို ၀ဲဘက်နားရွက်တွင်တပ်ဆင်ထားပြီး ရွှေရောင်ဓါးကောက်ကြီးလွယ်ပိုးထားသဖြင့် သူ၏ရုပ်သွင်မှာ တမျိုးတဖုံဆွဲဆောင်မှု ရှိလေ၏...
                အားကွေ့က တုတ်ဖြင့်လျှိုထမ်းထားသော အထုတ်နှစ်ထုပ် ကို မြေပေါ် အသာချပြီး ... လူငယ်အားကြည့်ကာ ..
               ''' ငါ့အမြင်တော့ မင်းက တောသားပုံ ပိုပေါက်နေတာကွ အရိုင်းအစိုင်း ကောင်ရ.. မင်းပုံစံကို ကြည့်တာနဲ့ အလယ်ပိုင်းက မဟုတ်ဘူးဆိုတာ သိသာတယ် .. ကျောက်စိမ်းနားကွင်းရယ် ရွှေရောင်ဓါးကောက်ရယ်ဆိုတော့ သေချာပေါက် တောင်ပင်လယ်က တောသား အပေအတေကောင်ဆိုတာ မမေးဘဲ သိနိုင်တယ် ကွ.. မင်း ငါနဲ့ဝေးဝေးနေပါကွာ ..ငါး ညှီ စော်နံလို့..'''
                လူငယ်၏ ဖြူဖွေးသော မျက်နှာသည် ခရမ်းချဉ်သီးကဲ့သို့ နီမြန်းသွားပြီး
နှုတ်ခမ်း တလှုပ်လှုပ် နှင့် ဒေါသထွက်လွန်းနေသဖြင့် အသံပင်မထွက်နိုင်ရှာပေ..
                 လူကြီးက ဒေါသထွက်နေသော လူငယ်၏လက်မောင်းကို ဆွဲကိုင်လိုက် ကာ ဟန်ဆောင်ရယ်လိုက်ရင်း..
                ''''ဟားဟားဟားဟား .. ငါတို့ကို တောင်ပင်လယ်က လာတဲ့သူတွေလို့ ခန့်မှန်းနို်င်တယ်ဆိုတော့ ဘယ်ဆိုးလို့လဲ.. မင်းကြည့်ရတာ ပညာတော့ ခေပုံ မပေါ်ဘူး.. '''
                 အားကွေ့က သူ့အားရန်လိုချင်နေသော ထိုနှစ်ယောက်အား ကြည့်မရသော်လည်း ၀ူတန်တောင်ခြေတွင် ရန်မဖြစ်လိုသည်နှင့် ..
               ''' ခင်ဗျား တူ ကိုသာ စကားပြောဆင်ချင်ခိုင်းလိုက်စမ်းပါဗျာ ..အခုရောက်  နေတာတောင်ပင်လယ်မှာမဟုတ်ဘူးလို့ .. ''''
                 ''ချွင်...'''
               ''ဦးလေးရေ ဒီအရိုင်းအစိုင်းကို မသတ်ရရင်တော့ ကျုပ်ဒီနေ့ အိပ်ပျော် စားဝင်မှာမဟုတ်ဘူး .. ''''
                ဓါးထုတ်ကာ ကျုံးဝါးလိုက်သော ကျောက်စိမ်းနားကွင်းလူငယ်ကြောင့် အားကွေ့က မျက်ခုံးနှစ်ဖက်ကို ပင့်တင်ကာ ..
                 '''အမလေး ကြောက်လိုက်တာဗျာ .. ဒါနဲ့ ခင်ဗျား ဓါးက ကောက်ကောက်ကြီး ဆိုတော့ မတော် ကိုယ့်မျက်နှာ ကိုယ်ပြန်ထိုးမိပါအုံးမယ်.. သတိထားဗျ...'"'
                 ''၀ှီး...၀ှီး..၀ှီး''
                  လေဟုန်ကိုခွင်း၍ မိမိမျက်နှာစီ ဦးတည်လာသော ရွှေရောင် စက်ဝန်း ကြီးမှာမခန့်မှန်းနိုင်အောင် မြန်ဆန်လှသဖြင့်  အားကွေ့ မှာလန့်သွားပြီး မည်သည့် သိုင်းကွက်ထဲတွင်မပါသော သိုင်းအား ချက်ခြင်းထွင်ကာ အသုံးပြုလိုက်ရ၏..
                   ဆတ်ကနဲ မြေပြင်ပေါ်ထိုင်ချလိုက်ကာ ခြေထောက် တစ်ဖက်ကို ရှေ့ကိုထိုးပြီး လူငယ်၏အောက်ပိုင်းကိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်.. အလွန်တရာမှ ရုပ်ပျက်ဆင်းပျက် နိုင်လှသော်လည်း ထိရောက်မှုကတော့ အားကွေ့မှန်းထားသည် ထက်ပိုပါ၏...
                    လူငယ်သည် သူ့ရှေ့မှ ရုတ်တရက် ပျောက်သွားသော အားကွေ့အား
ကြောင့် ကြောင် သွားစဉ်မှာပင် .. အောက်ပိုင်းဆီမှ လေတိုးသံ ၀င်လာသဖြင့်..
             ပါးစပ်မှ ''ဟိတ်...'''ဟူ၍ မာန်သွင်း အော်လိုက်ပြီးလျှင် သူ၏ ရွှေဓါးကောက် ကြီးအား အရှိန်အဟုန်ပြင်းပြင်းဖြင့် တပတ်လည့်ကာ အောက်သို့ တိုက်ခိုက်လိုက်၏..
              ''ရွှမ်း...'''
            အားကွေ့မှာ သူ၏ခြေကန်ချက် မှန်လုလုတွင် သူ၏ပုခုံးပေါ် ထိုးစိုက်လာ သော ဓါးကောက်ကြီးကြောင့် ခြေထောက်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဘေးတိုက် လိမ့်ထွက်သွား၏...
.            ''ဟင် ..ငါတို့ တောင်ပင်လယ်ကခေါင်းနှစ်လုံးငါးရှဥ့်ရဲ့ မြေလူးတွင်းပြန် သိုင်းကွက်ပဲ..''''
              ဘေးမှရပ်ကြည့်နေသော လူကြီးမှ  အားကွေ့၏ သိုင်းကွက်အား အတွေ့တွင် အံ့အားသင့်သွား၍ ပါးစပ်မှပင်ထုတ်ဖော်ပြောမိသွားသည်...
            အားကွေ့မှာမိမိ မတ်တပ်ပြန်ရပ်၍မှ မဆုံးခင် ရွှေရောင်စက်ဝန်း ကြား.ထဲ သို့ရောက်ရှိသွားပြန်လေရာ သူ၏ အရိပ်တစ်ရာခြေလှမ်း တစ်ထောင် ခြေသိုင်းကွက် ဖြင့် ဓါးကောက်စာ မမိရန် အလူးအလဲရှောင်တိမ်းနေရ၏..
            ''ဓါးကွက်တွေက မြန်လွန်းတော့ ဟာကွက်တောင်မတွေ့ရဘူး ..ငါ့လက် ထဲမှာသာ ဓါးရှိရင်တော့ဒီကောင့်ကို ပြန်တိုက်လို့ရသေးတယ်.. '''
                  အားကွေ့၏ အကျပ်အတည်းကို ကျောက်စိမ်းနားကွင်းဝတ်လူငယ်က သဘောပေါက်သည့်နှယ် တိုက်ခိုက်အားကို တဆင့် ထပ်မြင့်လိုက်သည်..  နဂိုကတည်းကမှ ခက်ခက်ခဲခဲရှောင်တိမ်းနေရသော အားကွေ့မှာ ပို၍ အခက်ကြုံ သွားရလေ၏... ယခုအတိုင်းသာရှောင်နေလျှင်တော့ .. သေချာပေါက် ကိုယ်ခန္ဒာ နှစ်ပိုင်းပြတ်သွားမည်ဖြစ်သည်.. အားကွေ့ သည် စွန့်စားမှ ရတော့မည်ဟု တွေးကာ ..  တကိုယ်လုံးရှိ အတွင်းအားများအား စုစည်းလည်ပတ်လိုက်ပြီး .. ၀ဲဘက်ပုခုံး တွင် ဟာကွက် သေးသေးလေးဖန်တီးပေးလိုက်၏..
               ကျောက်စိမ်းနားကွင်းဝတ်လူငယ်မှာ တောင်ပင်လယ်၏ ကျွန်း ခုနှစ်ဆယ် ရေတံခါးကိုးခု၏ အရှင်သခင်နတ်ရွှေနဂါး ဂိုဏ်းချုပ်ကြီး လော်ကျင်းထျန်၏ သား လော်ထျန်းဟူ ပင်ဖြစ်လေသည်.. တောင်ပင်လယ်တွင် သူ့ဖခင်နှင့် ဆရာ ငါးယောက် ကလွဲလျှင် လော်ထျန်းဟူမှာ ပြိုင်ဘက်မရှိသူဖြစ်လေရာ .. ယခုလို ပေတီးပေစုတ် ကလေက၀ကောင်အား သိုင်းကွက်ငါးဆယ်ခန့်ရောက်သည်အထိ တိုက်ခိုက် နေရ သောကြောင့် စိတ်တိုနေရာမှ မထင်မှတ်ဘဲရွှေနဖူးကောင်၏ ၀ဲဘက်ပုခုံးတွင် ဟာကွက်ကိုမြင်တွေ့လိုက်ရသဖြင့်...
            '' ယား....ဟိတ်...''''
             ''ရွှီး...ရွှီး...ရွှီး..'''
              ''ထန်း....'''
               ''ချွင်..''''
              ''ဟာ....'''
              အားကွေ့မှာ သူအရဲစွန့်ထားသော ဟာကွက်ဆီကျရောက်လာသည့် ဓါး ချက်အား ဆံချည်တမျှင်စာမျှ လွတ်အောင် တိမ်းရှောင်ပြီးလျှင် .. အတွင်းအား အပြည့်ထည့်ထားသော ယာဘက်လက်ဖြင့် ဓါးကောက်အား တောက်ချလိုက်သည်..
               အတွင်းအားခြင်း မယှဉ်သာသည်မို့ .. လော်ထျန်းဟူ၏ ဓါးကောက်ကြီး မှာ ''ချွင်'''ကနဲ မြည်ကာ အဝေးသို့ လွှင့်စင်သွားလေ၏...
.               ''ဟူး....ဖတ်..'''
                သို့သော် ဓါးကောက်မြေပေါ်သို့ မကျခင်တွင်..ရပ်ကြည့်နေသော လူကြီးမှာ ဟူး ခနဲနေအောင် ခုန်ထွက်လိုက်ပြီး .. ဓါးကောက်အား ဖမ်းကိုင်လိုက်သည် .. ဓါးကောက်အား သေသေချချာကြည့်ပြီးနောက် ကွက် ခနဲမျက်နှာပျက်သွားကာ ..
              ''ကောင်းလိုက်တဲ့ အတွင်းအားပါလား ..အရွယ်နဲ့ မလိုက်ဘူး ..ဒီရွှေဓါး ကောက်က တောင်ပင်လယ်ရဲ့ အထက်မြက်ဆုံး အကောင်းဆုံးဓါးပဲ .. ဒါတောင်မှ လက်ချောင်းရာ ထင်သွားတယ် .. သခင်လေး လော်ထျန်းဟူဟာ သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး  ...''''
                 ဟုတွေးပြီးနောက် ဓါးလွှင့်သွားသဖြင့် ငူငူငိုင်ငိုင် ရပ်နေသော လော်ထျန်းဟူအား  .
                 ''သခင်လေးကိုယ်စား ကျုပ်ဆုံးမပေးပါ့မယ် ..သခင်လေးဘေးမှာ ရပ်ကြည့်နေ.. '''
.                ''ဟိတ်.. ယား..'''
                  မာန်သွင်းပြီးသည်နှင့် သူ၏ ခါးကြားမှ ဓါးမြှေင်နှစ်လက်ကို ထုတ်ယူလိုက်ကာ အားကွေ့ဆီ ခုန်ဝင်သွားလေသည်...
                  ဓါးမြှောင်မှာ အရိုးအသွားပါထည့်ပေါင်းလိုက်မှ တထွာ ကျော်ကျော် သာ ရှိနိုင်သဖြင့် အားကွေ့မှာ လုံးဝမပေါ့ဆ၀ံ့ဘဲ ရှိနေ၏.. အသွားတလက်မတိုလေလေ  အန္တရယ်များလေလေဟု အဆိုရှိရာ ထိုသူကိုင်သောဓါးကို ကြည့်ရုံနှင့် ပညာအဆင့် အတန်းကို ခန့်မှန်းရနိုင်သည်...
                 ''ချပ်..''
                 ခါးကြားမှ သားရေကြိုးကို ဖြုတ်လိုက်သည့် အချိန်နှင့် ထိုသူ တိုက်ခိုက် လိုက်ချိန်မှာ တထပ်တည်း ဖြစ်၏...
                  '''အသံမဲ့ ..ဓါးသွား.....'''
                    အားကွေ့မှာ သူ၏ သားရေကြိုးကို လေထဲတွင် အပြောင်းအလဲ ဆယ့်ခြောက်ခု ပြုလုပ်လိုက်ရပြီး ထိုဓါးကွက်ကို ခုခံလိုက်ရသည်..
                   မြွေနက်ကြီးတစ်ကောင်သဖွယ် တွန့်လိမ်နေသော သားရေကြိုးအား ဓါးမြောင်နှစ်လက်ဖြင့် ဖြတ်တောက်ရန်ကြိုးစားနေသော်လည်း အချည်းနည်းမျှသာ ..
                    အားကွေ့နှင့် ထိုလူကြီးတို့ တိုက်ခိုက်မှုမှာ မည်သည့် အသံပလံ မှ မထွက်သည့်အပြင်..  အကွက်ပေါင်း တရာ ကျော်လာသည် အထိ တယောက်နှင့် တယောက် လက်နက်ခြင်းလည်း ထိတွေ့မှုမရှိသေးပါ..
                 အားကွေ့၏ကြိုးမှာ ထိုသူအားရစ်ပတ်ရန် ကြိုးစားနေသလို ..ထိုသူကလည်း အားကွေ့၏ ကြိုး အားကျော်ဖြတ်ရန်ကြိုးစားနေသည်.. ထိုသူမှာ လျှင်မြန်စွာ တိုက်ခိုက်နေရာမှ ဓါးသွား အရှိန်ကို ထိန်းချုပ်လိုက်လေ၏... နှေးကွေး ထုံထိုင်းသော ဓါးချက် များမှာ အရူးတစ်ယောက် နှယ်ပင် ..
                        အားကွေ့သည် ထိုသိုင်းကွက်ကို  မြင်လိုက်ရသည်နှင့် သူငယ်စဉ် က ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင် အသုံးပြုခဲ့သော သိုင်းကွက်ကိုသတိရလိုက်သည် ..မုန်တိုင်းကြားက ခရုအို သိုင်းကွက်.. ၀ူတန်ဂိုဏ်းချုပ်ကြီးပင်လျှင် အာရုံစိုက်ရသော ထိုသိုင်းကွက် မှာ အမှန်တကယ်ပင် အသုံးဝင်လှသည် .. ထိုသူ၏ ဓါးနှစ်လက် ဟန်ချက် အား ကာကွယ်နေရင်းဖြင့် အားကွေ့၏ ကြိုး ရိုက်ချက်မှာ တဖြည်းဖြည်း အားပျော့ လာ၏...
                      သို့သော် သိုင်းကွက်များ သုံးမကုန်အောင် ပေါသော အားကွေ့ ၏ ရောစပ်သိုင်းကွက်များကြောင့် မုန်တိုင်းကြားမှ ခရုအိုသည်လည်း အလုပ်မဖြစ်ပေ.. အားကွေ့ကတော့ သူနှင့် လက်ညီနေသော သိုင်းသမားတစ်ယောက်တွေ့နေပြီမို့ သဘောအကျကြီးကျနေသည်..
                  ''ယား.''      
                 '''ရွှီး..၀ှီး..၀ှီး..''
                အသံမဲ့တိုက်ခိုက်မှုကြားထဲသို့ တိုးဝင်လာသော အသံကြောင့် လော်ထျန်းဟူတစ်ယောက် တိုက်ပွဲထဲသို့ ၀င်လာမှန်း အားကွေ့ သိလိုက်ရ၏...
                  ''၀ှမ်း..၀ှမ်း..၀ှမ်း..'''
                  ''  ဖြန်း..'''
                    ''အ..''
                   အားကွေ့သည်သူ့အား ချောင်းမြောင်း တိုက်ခိုက်လာသည့် လော်ထျန်းဟူကိုရော.. ရုပ်ရည်ကြမ်းကြမ်းနှင့်လူကြီးကိုရော အနက်ရောင်လောက အနီရောင်အခန်း ထဲမှ လိပ်ပြာလွှင့်စင် .. ဟူသည့် ဓါးကွက်ကို လေးဆသက်ရောက် အတွင်းအားသုံးကာ တိုက်ခိုက်လိုက်လေသည်..
                    ဓါးမဟုတ်ဘဲ သားရေကြိုးဖြစ်နေသည်က လော်ထျန်းဟူတို့ နှစ် ယောက်ကံကောင်းချင်းပင်..
                   အသံမဲ့ကြိုးရိုက်ချက်သုံးနေရာမှ လေဟုန်ခွင်းသံကြီးနှင်အတူ ထူးခြား ဆန်းပြားသော ရိုက်ချက်ကြောင့် လူကြီးမှာ ဓါးမြှောင်နှစ်လက်ကို ဝှေ့ရမ်းကာ ကာ နောက်သို့ ခုန်ဆုတ်လိုက်ရသည်.. ခုန်ဆုတ်လိုက်သည်မှာ သီသီလေးပင် မဟုတ်လျှင် မျက်နှာတစ်ခြမ်းလုံးပဲ့ပါသွားနိုင်၏.. ကြားထဲက ခံလိုက်ရသည်က လော်ထျန်းဟူဖြစ်သည်..နောက်ပြန်ရိုက်တည့်လိုက်သော ကြိုးချက်အား ဓါးကောက် ဖြင့်ကာလိုက်ရာ လေးဆသက်ရောက် အတွင်းအား ဒါဏ်မိသွားပြီး မြေပြင်ပေါ် ခွေခွေ လေးလဲလျောင်းနေရသည်..
              ထိုအချိန်တွင်...တောင်ပေါ်မှ မီးခိုးရောင်ဝတ် ရသေ့ များ သူတို့ အခင်း ဖြစ်နေရာသို့ ပြေးဆင်းလာကြ၏...
              အယောက်နှစ်ဆယ်ခန့်ရှိသော ရသေ့များ ထဲမှ အသက်အကြီးဆုံး ရသေ့ ကြီးမှာ ..
            ''ဟေ့ ..ဟေ့.. ၀ူတန်ရဲ့ အထွဋ်အမြတ်နေရာမှာ ခိုက်ရန် ဖြစ်ပွားရင် .. ဒါ ..တို့ဝူတန်ကို စော်ကားလိုက်တာပဲ .. ''
             အားကွေ့က လော်ထျန်းဟူတို့ မပြောခင် အရင်ဦးအောင်
             ''ဒီလူကြီးတို့ နှစ်ယောက်က ကျွန်တော့်ကို အရင် တိုက်ခိုက်ကြတာပါ..  ပြီးတော့ ၀ူတန် ဂိုဏ်းကို လည်း စော်ကားမော်ကားပြောပါတယ်..'''.
             ရုပ်ဆိုးဆိုးနှင့် လူကြီးကလည်း အားကွေ့လို ကလိမ်ကျတတ်ဟန်တူ၏..
            ''ကျုပ်တွေ့တာကတော့ ဒီကောင်လေး ဟိုကျောက်တိုင် ကို လက်နဲ့ ကိုင်ပြီး ၀ူတန်ဂိုဏ်းရဲ့ ဓါးသိုင်းဟာ ဟင်းချက်တဲ့အခါ သုံးရတာပါ.. လို့ ပြောနေတာ ကျုပ် နားနဲ့ ဆတ်ဆတ် ကြားရတာပဲ .. မယုံရင် ဟိုမှာသူ့ကို မပြောဖို့ ၀င်တားလို့ သူရိုက်တာ ခံလိုက်ရတဲ့ .. ကျုပ်တူကိုသာ မေးလိုက်တော့.. '''
#49A ( အစ၏အဆုံး ..အဆုံး၏အစ )
        အားကွေ့ကသူ့အား တရားခံသဖွယ်မျှားဦးလှည့်လာသော ရသေ့တို့၏  မျက်လုံးများကြောင့်
        '' မဟုတ်ဘူး ရှင်ရသေ့တို့ ကျွန်တော်က ဘာဆိုဘာမှ မကျူးလွန်ရပါဘူး .. ဟို တောင်ပင်လယ်က တူဝရီး နှစ်ယောက်ရဲ့ ပါးစပ်ကသာ ၀ူတန်ကို စော်ကားနေတာ .. ကျွန်တော့်ကိုတောင် ဗလာချီ လာတိုက်ခိုက်လို့ ကျွန်တော်က ဆုံးမပေးရတာ .. '''
         ရုပ်ရည်ကြမ်းတမ်းသော လူကြီးက တူဖြစ်သူအား သွားရောက် ဖေးမလိုက် ပြီး အမူပိုပိုနှင့် ..
       '''ရသေ့ကြီးတို့ စဉ်းစားကြည့်ပါအုံးဗျာ .ကျုပ်တူဆိုတာက တောင်ပင်လယ် ကျွန်း ခုနှစ်ဆယ် ရေတံခါးကိုးခုရဲ့ အရှင်သခင် နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီး လော်ကျင်းထျန်ရဲ့ အမွှေဆက်ခံသူ သခင်လေး လော်ထျန်းဟူဗျ .. ကျုပ်ဆိုတာကလည်း  အစွယ် နှစ်ချောင်းဖျံမင်း ဝေ့၀ူချောင် ဆိုပြီး တောင်ပင်လယ်မှာ နာမည်တစ်လုံးနဲ့နေလာတဲ့ သူ  ကျုပ်တို့နှစ်ယောက်လို လူမျိုးတွေ စကားကိုမှ မယုံဘဲ နာမည်မရှိတဲ့  အပေအတေ ကောင်ရဲ့ စကားကို ယုံမယ်ဆိုရင်လည်း ရသေ့ကြီးတို့ သဘောပဲဗျာ '''
         ယခုဆင်းလာသောရသေ့ကြီးမှာ ၀ူတန်ဂိုဏ်းချုပ်ကြီး မရှိခိုက် ဂိုဏ်းစောင့် တာဝန် ခေတ္တယူထားရသော ရသေ့ငါးပါးအနက် အငယ်ဆုံးရသေ့ဖြစ်လေ၏..အသက် အရွယ် ကြီးမြင့်လှသော်လည်း စိတ်အလွန်ကြီးမားလွန်း၍ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ခဏခဏ ပြုပြင်ရန်ကျိုးစားသော်လည်း မရပေ။ဗီဇဆိုသည်မှာ ဖျောက်ဖျက် ရန်မလွယ် ကူသော အရာပေမဟုတ်လား ..
        ရွှေရောင်နဖူးနှင့်ကောင်လေးမှလည်း တဖက်လူ၏အမှားဟု အခိုင်အမာပြော နေသလို ..တဖက်ကလည်း ဂုဏ်ရှိုန်ကြီးသော သိုင်းမိသားစု ဖြစ်နေလေသည်..
နတ်ရွှေနဂါးဂိုဏ်းဆိုသည်မှာ တောင်ပိုင်း သိုင်းလောကတွင် အလွန်ကြီးကျယ်သော ဂိုဏ်းအဖွဲ့အစည်းဖြစ်ပြီး ..၀ူတန် ရှောင်လင်တို့၏ အင်အားထက် မနိမ့်ကျပေ..
           ရသေ့ကြီးသည် စိတ် ခပ်ထွက်ထွက်နှင့် သမာသမတ်အကျဆုံး ဆုံးဖြတ် ချက်ကို ချလိုက်တော့၏...
           ''ကိုင်း ..မင်းတို့တွေ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ ငြင်းနေရင် ပြီးတော့မှာမဟုတ်ဘူး .. ဒီတော့  ငါတို့မြင့်မြတ်ကျောက်တိုင် ရှေ့မှာ ခိုက်ရန် ဖြစ်ပွား နေတာ ဟာအခုမျက်မြင်ဖြစ်တဲ့အတွက် မင်းတို့နှစ်ဖက်စလုံးမှားတယ်လို့ ငါဆုံးဖြတ် တယ် .. ဒါပေမယ့် မင်းတို့ရဲ့  ပထမဆုံးအကြိမ် အပြစ်ဖြစ်တဲ့အတွက် ကြီးကြီးကျယ် ကျယ် ဗွေမယူပါဘူး .. ငါတို့နဲ့အတူ တောင်ပေါ်ကိုတက်လာပြီး ၀ူတန်ရဲ့ ဖခင်ကြီး ဘိုးတော်ကျန်းစန်းဖုန်း ရုပ်တုရှေ့မှာ အရိုအသေပေး ဂါရ၀ပြုမယ်ဆိုရင် ဒီကိစ္စကို ငါအပြစ်မယူတော့ဘူး .. '''
             အားကွေ့က ၀မ်းသာအားရနှင့် ..
         ''ကျွန်တော်ကတော့ ဂါရ၀ပြုဖို့ ၀န်မလေးပါဘူး .. '''
          ''ကျုပ်တို့ကတော့ လက်မခံနိုင်ဘူး ..ဂါရ၀ ပြုမယ်ဆိုရင် ကျုပ်တို့အမှား ဖြစ်သွားမှာပေါ့'''
           ဝေ့၀ူချောင်၏စကားကြောင့် ရသေ့ကြီးမှာ မျက် ခနဲဖြစ်သွားကာ ..
            '''  နေရာတိုင်းမှာ စည်းမျဉ်းစည်းကမ်းဆိုတာရှိတယ် .. မင်းတို့ နတ်ရွှေနဂါး ဂိုဏ်းမှာ စည်းမျဉ်းရှိသလို ၀ူတန်မှာလည်းရှိတယ် ကာလံဒေသံ ကိုလိုက်ပြီး ရောက်တဲ့ နေရာတိုင်းမှာ မျှတအောင် နေရတယ်.. အခုမင်းတို့က ၀ူတန် ရဲ့ အထွဋ်အမြတ် ကျောက်စာတိုင်ရှေ့မှာ ခိုက်ရန်ဖြစ်ပွားနေတယ်ဆိုတော့ ငါ့တို့ ဂိုဏ်း ကို မထီမဲ့မြင် ပြုရာကျနေတယ် ..ငါတို့သာ ခွင့်လွတ်ပေးလိုက်မယ်ဆိုရင် .. ၀ူတန် ဆိုတဲ့ဂုဏ်ပုဒ်က အလကား ဖြစ်သွားမှာပေါ့ .. ဒါပေမယ့် ငါက နတ်ရွှေနဂါးဂိုဏ်းကို လေးစားသမုနဲ့ အသက်ညှာဆုံး ဆုံးဖြတ်လိုက်တာ.. ဒါကို မင်း တို့ကမလိုက်နာဘူး ဆိုရင် .. ငါ့ရဲ့ သည်းခံ နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားလိမ့်မယ် ဝေ့၀ူချောင်.. '''
             ဝေ့၀ူချောင်က ရသေ့ကြီး၏ ယထာဘူတ ကျသော စကားကို မျက်ကွယ် ပြုကာ ခပ်မဲ့မဲ့ ပြုံးလိုက်ရင်း ...
               ''ကျုပ်တို့ တောင်ပင်လယ်နတ်ရွှေနဂါးဂိုဏ်းက ခင်ဗျားတို့ ၀ူတန်ကို ကြောက်နေရမှာလား .. '''
              အားကွေ့က သူ့ဘက်မှ မျှားဦး ဝေ့၀ူချောင်တို့ ဘက်လှည့် သွားသဖြင့် မီးလောင်ရာ ၀င်၍လေပင့်ပေးလိုက်သည်..
              '' တွေ့တယ်မို့လားရှင်ရသေ့ကြီး .. သူတို့တွေ အစောကြီးထဲက ၀ူတန်ကို စော်ကားဖို့ရောက်လာတယ်ဆိုတာ .. အခုလည်းကြည့် သိုင်းလောကရဲ့ ဂုဏ်ရှိန် အကြီးမားဆုံး ဘိုးတော်ကျန်းစန်းဖုန်း ရုပ်ထုကိုတောင် ဂါရ၀မပြုနိုင်ဘူး ဆိုတော့ ဒါ ၀ူတန်ကိုစော်ကားရုံတင် မကဘူး ..သိုင်းလောက တစ်ခုလုံးကိုပါ ..သိက္ခာချလိုက်တာ ပဲ ... ရှင်ရသေ့တို့လို ၀ူတန်ဂိုဏ်း မပြောနဲ့ ဘေးက နားထောင်နေတဲ့ ကျွန်တော်ပါ သီးမခံနိုင်အောင် ဒေါသထွက်နေတာဗျ..'''
               အားကွေ့၏ လေပင့်မှုကြောင့် မီးရှိန်ပိုပြင်းသွားပုံရသည်... ရသေ့ကြီးမှာ ပင်ကိုယ်ဒေါသကြီးသူမို့ ..
                ''ဟွန်း... မင်းတို့ နတ်ရွှေနဂါးဂိုဏ်းက တောင်ပင်လယ်မှာပဲ ကျယ်လို့ ရမယ် .. ငါတို့ အလယ်ပိုင်းမှာတော့ .. တီတောင်လောက်တောင် အမောက်မထောင် နိုင်ပါဘူးကွ.. ''''
                 အားကွေ့ကလက်ခုပ်လက်ဝါးတီးကာ ..
                 '' ဟားဟားဟားဟား ..သိပ်မှန်တာပေါ့ဗျာ .. ရှင်ရသေ့တို့လို ကြီးကျယ် ခမ်းနားတဲ့ ၀ူတန်မပြောနဲ့ ကျွန်တော့်လို အညတရ ကောင်ကိုတောင် မနိုင်ဘဲနဲ့ ..နတ်ရွှေနဂါးဂိုဏ်းက အလယ်ပိုင်းကို တက် လာချင်သေးတယ် .. ပြီးတော့ ၀ူတန်ကို မလေးမစားကလုပ်သေးတယ် .. တကယ်လို့သာ ရှင်ရသေ့ သီးခံလိုက်မယ်ဆိုရင် တော့ သူတို့အမြင်မှာ အလယ်ပိုင်း သိုင်းလောကကို သေချာပေါက် အထင်သေး တော့မှာပဲ ..ဒီလို အဆံချောင် လူစားမျိုးကို မှ မဆုံးမရင် .. ဘယ်လိုလူမျိုးကို ဆုံးမ ရအုံးမှာလည်းဗျာ  '''
             အားကွေ့၏ .ငယ်သည့်အမှုကို ကြီးအောင် .. ကြီးသည့်အမှုကို ပေါက်ကွဲ ထွက်သွားအောင် ထောက်ခံလိုက်သည့်စကားကြောင့် ..ရသေ့ကြီးသည် အဖြူစွက် နေသည့် မုတ်ဆိတ်မွှေးများ ထောင်ထလာအောင်ပင် စိတ်တို ဒေါသထွက်သွားပြီး ...
            ''ကိုင်း ..ဝေ့၀ူချောင် .. မင်းရဲ့ အစွယ်နှစ်ချောင်းက ဘယ်လောက် ထက် သလဲဆိုတာ .. ငါစမ်းသပ်ကြည့်ရလိမ့်မယ် .. ..'''
              ဝေ့၀ူချောင်မှာ လူပါးဖြစ်သော်လည်း မြေခွေးဘိုးအေကြီး အားကွေ့၏ သွေးထိုးလုံးများကို ဖြေလျော့ရန်မတတ်နိုင်သောကြောင့် မထူးဇာတ်ခင်းကာ ..
                 '' ဟားဟားဟား ရသေ့ကြီး အသက်ကြီးမှ ဖျံကိုက် ခံနေရအုံးမယ်နော့် .. ၀ူတန်တောင်ခြေမှာ ၀ူတန်ကရသေ့ကြီး အထိနာသွားတယ် ဆိုတဲ့ သတင်းမထွက်လာ စေချင်ရင် ထိပ်တိုက်ရင်ဆိုင်ဖို့ ပြန်စဉ်းစားချိန်ရှိသေးတယ် ..''
                 အားကွေ့က ပေါက်ကွဲလုလု အခြေအနေအား .. ဖောက်ခွဲလိုက်သည့် အနေဖြင့် ...
               ''ဟင်.. တယ်လည်း စော်ကားတဲ့လူပါလား .. ရှင်ရသေ့လို အသက်ရော ၀ါရော သာနေတဲ့ လူမျိုးကို ရိုင်းရိုင်းစိုင်းစိုင်းပြောဝံ့တယ် .. ဒီဖျံမိုက်ကတော့ အိမ်အပြန် ခေါင်းမသယ်သွားချင်တော့ဘူးနဲ့တူတယ် .. '''
              ရသေ့ကြီးသည် ဒီတစ်ခါတွင်တော့ စကား ပြန်မပြောကြားတော့ပါ .. သူ၏ မျိုသိပ်ထားသော ဒေါသများကို .. ကျောတွင်လွယ်ပိုးထားသော ဓါးအား ထုတ်လိုက် သည်နှင့် ဖော်ပြလိုက်သည်..
              ''ရွှမ်း ....'''
              ဘော်ငွေရောင်တလက်လက်တောက်ပနေသော ဓါးရှည်ကြီးမှာ မြင်ရုံနှင့် ဓါးကောင်းတလက်မှန်းသိသာစေသည်..
              အစွယ်နှစ်ချောင်း ဖျံမင်း ဝေ့၀ူချောင်မှာလည်း  သူ၏ ဓါးမြှောင်တို နှစ်လက် ဖြင့် ပွဲဝင်ရန် အဆင်သင့် ဖြစ်နေလေပြီ...
             ကျန်ရှိနေသော ရသေ့များ.. လော်ထျန်းဟူနှင့် အားကွေ့တို့မှာ ပွဲကြည့် ပရိသတ်များပင်ဖြစ်ကြ၏...
                  ရသေ့ကြီးက ၀ဲဘက်လက်ကို နောက်ဘက်သို့ မြောက်ထောင်ထားပြီး ဓါးကိုင်ထားသောလက်ကို ရင်ခွင်ထဲပွေ့ပိုက်ထားသည့်ပုံစံ သိုင်းကွက်ခင်းကာ
                   '' ဝေ့၀ူချောင်.. မင်းက ဧည့်သည်ဆိုတော့  မင်းဘက်က စတိုက်နိုင်တယ် ..''
                    '''ယား.. ဟိတ်... '''
                    ''၀ှီး..၀ှီး..၀ှီး''
                    ''ထန်း...ထန်း..ထန်း..'''
                    အခွင့်အရေးသမားဝေ့၀ူချောင်မှာ ရသေ့ကြီး စကားဆုံးသည်နှင့် .. ကိုယ်ခန္ဓာကို မွတ်နေလှည့်ကာ ရသေ့ကြီးအား တိုက်ခိုက်လိုက်ပြီးဖြစ်သည်.. လက်နှစ်ဘက်မှ ကိုင်ထားသော ဓါးမြှောင်သည် အနက်ရောင်မျည်းတန်းကြီး သဖွယ် ဖြစ်နေသဖြင့် မည်မျှ အရှိန်ပြင်း မည်မျှ လျှင်မြန်သည်ကို တွက်ဆနိုင်ပေသည်..  
                  အားကွေ့သည် ထိုသူ၏သိုင်းကွက်အား ကြည့်ပြီး ..
            '''အလို... ကောင်းလိုက်တဲ့ အကွက်ပါလား .. ငါနဲ့တိုက်တုန်းက ဒီငနဲ လက်နက်တို လို့သာ ဒီသိုင်းကွက်နဲ့ မတိုက်တာကိုး .. '''
             ထိုသူ၏သိုင်းကွက်သည် အဆင့်မြင့်လှသော်လည်း ..၀ူတန်ဓါးသိုင်းက ပို၍အဆင့်အတန်းမြင့်လှသည်ဟု ဆိုရပေမည်..၀ူတန်ရသေ့ကြီးသည်.. သူ၏ရင်ဘတ် တွင် ပွေ့ပိုက်ထား ဓါးကို .. ရှေ့တည့်တည့်သို့ သုံးချက်တိတိ ထိုးစိုက်လိုက်လေ၏..
             အားကွေ့နှင့် ဝေ့၀ူချောင်သာ သုံးချက် ထိုးလိုက်မှန်းသိလိုက်ရသော်လည်း ကျန်သူများ အမြင်တွင် တစ်ချက်ထဲဟုသာ ထင်လိုက်ရသည်..
             ဝေ့၀ူချောင်၏ ဓါးကွက်မှာ ရေထဲသို့ ခဲ ပစ်ချလိုက်သည့်ပမာ ပလုံကနဲ ဖြစ်သွား၏...
                အားကွေ့က အနီးရှိ ကျောက်ခုံကြီးပေါ် နောက်ပြန်ခုန်ထိုင်လိုက်ရင်း ..
           '''၀ူတန်ရဲ့ .. ပုံရိပ်ဓါးကိုးချက်မှာ သုံးချက်တိတိ ထိုးနိုင်တယ်ဆိုတော့ ရသေ့ကြီးကိုလေးစားပြီးဗျို့ .. ဒီလို သိုင်းကွက်မျိုး မြင်ရတာ တကယ်တန်တယ်ဗျာ ..'''
          ဝေ့၀ူချောင်သည်လည်း ပုံရိပ်ဓါးသိုင်းကို သုံးချက်တိတိ ထိုးနိုင်သော ရသေ့ ကြီးအားလွန်စွာ ရှိန်သွားသည်.. ၀ူတန်၏ အထင်ကရ ဓါးသိုင်းဖြစ်သော ခုနှစ်စင်ကြယ် ဓါးသိုင်း ..ထိုက်ကျိဓါးသိုင်း တို့မှာ ကျင့်ရခက်ခဲသည်ဟု နာမည်ကျော်သော်ငြားလည်း ထိုပုံရိပ်ဓါးသိုင်းမှာ ကျင့်ကြံသူမရှိလောက်အောင်ပင် ပျောက်ကွယ်လုလု ဖြစ်နေသည် မှာ နှစ်ပေါင်းရာချီနေပြီဖြစ်သည်.. ထိုဓါးသိုင်းမှာယခုပြန်လည်ပေါ်ထွက်လာသည်ကို ကြည့်ခြင်းအားဖြင့်ထိုရသေ့၏သိုင်းစွမ်းကိုသဘောပေါက်နိုင်မည်ဖြစ်သည်မဟုတ်လား ..
          သို့သော်ဝေ့၀ူချောင်မှာလည်း ခေရသူတစ်ယောက်တော့မဟုတ်ပါ .. တောင်ပင်လယ်နတ်ရွှေနဂါးဂိုဏ်းတွင် ဂိုဏ်းခွဲမှူးတစ်ယောက်ဖြစ်သည့်အပြင်.. သူ၏ တကိုယ်တော် ကျော်ကြားမှုကလည်း တောင်ပိုင်းသိုင်းလောကတွင် ဖိန့်ဖိန့်တုန်မျှ ရှိလေသည်..
           '''''မုန်တိုင်းကိုလွန်သော်...''' ကဗျာဆန်ဆန်ပေးထားသော ထိုသိုင်းကွက်သည် တောင်ပိုင်းသိုင်းလောကတွင် သူ့အတွက် နာမည်တစ်လုံးထင်ကျန်စေသော သိုင်းကွက် ဖြစ်လေသည် ..  ဆယ့်ငါးကွက်သာ ရှိသော ထိုဓါးသိုင်းကို အပြည့်အစုံ ခုခံနိုင်သူမှာ တောင်ပိုင်းသိုင်းလောကတွင် လက်ချိုးရေရလောက်အောင် နည်းပါး လေရာ .. ယခုရသေ့အိုကြီးရော ခုခံနိုင်ပါ့မလားဟု အတွေးပေါက်ပြီး နောက် ..
             ''ရွှပ်..ရွှပ်..ရွှပ်..'''
             တခုခုကို လှီးဖြတ်လိုက်သကဲ့သော အသံဆန်းကြီးသည် အနက်ရောင် ဓါး တို နှစ်လက်ဝှေ့ရမ်းရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်..
            ကျောက်တုံးပေါ်မှ အားကွေ့ပင်လျှင် ဝေ့၀ူချောင်၏ သိုင်းကွက်ဆန်းကို လွန်စွာ သဘောကျနေမိ၏...
           ''အင်း.. တအားကောင်းတဲ့ ဓါးသိုင်းပါလား ..အစွယ်နှစ်ချောင်းဖျံမင်းကလည်း တကယ်သိုင်းအကျော်အမော်တစ်ယောက်ပဲ ..ငါတောင် ကြိုးရှည်နဲ့မို့ အသာစီးက တိုက်ခိုက်နိုင်တာပဲ ..ဒါတောင် အနိုင်အရှုံးမပေါ်သေးဘူး ''''
    မျက်ခုံးမွှေးကို တွန့်လိမ်ပြီး .. သူဆီသို့ ဖြည်းညင်းစွာ ၀င်ရောက်လာသည့် ဓါးကွက်၏ ဟာပေါက်ကို ရှာနေမိသည်..
            သို့သော် ..မုန်တိုင်းကိုလွန်သော်ဟူသော ဓါးကွက်မှာ ရိုးရှင်းမှုကို အခြေခံ ထားသော အဆင့်လွန်ဓါးသိုင်းဖြစ်ရာ ဟာကွက်ပေါင်းမြောက်များစွာနှင့် ဟာကွက် ကင်းမဲ့  နေသည့် သိုင်းအမျိုးအစားပင်ဖြစ်လေ၏...
            လောကတွင် ဟာကွက်မရှိသောသိုင်းဟူ၍မရှိသလောက်ရှားပါးလွန်းပါ၏.. ဟာကွက် အနည်းဆုံးသိုင်းကိုသာ ပြိုင်ဘက်ကင်းသိုင်းဟု သတ်မှတ်ကြခြင်းဖြစ်သည် ..အကယ်၍ မိမိပြိုင်ဘက်ကသာ ထိုဟာကွက်ကို ထိုဖောက်နိုင်မည်ဆိုလျှင် ... သေချာပေါက် ပျက်စီးမှုနှင့်ကြုံရပေလိမ့်မည်..
                ထိုအချက်ကို သေသေချာချာဂရုပြုမိသူ တစ်ယောက်က ထိုမုန်တိုင်း ကို လွန်သော် ဟူသော သိုင်းကွက်ကို တီထွင်လိုက်ခြင်းဖြစ်သည်..  ထိုသိုင်းကွက်၏ မူလ ဘူတ သိုင်းပညာရှင်က လွန်ခဲ့သောနှစ်ပေါင်းသုံးရာကျော်က အနက်ရောင်လောက အနီရောင်အခန်းသိုင်းပညာရှင် ကျဲမုန်ကို အနိုင်ယူသွားခဲ့သည့်.. မုစန်းသိုင်းပါဂူပင် ဖြစ်သည်.. ထိုသိုင်းကွက်ကို ဝေ့၀ူချောင်သည် ကံအားလျော်စွာ တောင်ပင်လယ် ကျောက်ဂူတစ်ခုအတွင်းမှ ရရှိခဲ့ခြင်းဖြစ်၏...
                 သိုင်းကျမ်းအညွှန်းမပါရှိသောကြောင့် သိုင်းကွက်၏အနှစ်သာရ ကိုမသိရှိ သေးဘဲ .. သိုင်းကွက်ချည်းသက်သက်သာလျှင်တတ်မြောက်ထားလေသည်..  အနှစ်မပါသော အကာသိုင်းကွက်များကပင် သူ့အားတောင်ပိုင်းသိုင်းလောကတွင် သျှမ်းသျှမ်းတောက်ကျော်ကြားသော ဘ၀အား ရယူပေးနိုင်ခဲ့၏... နတ်ရွှေနဂါးဂိုဏ်း၏ ဂိုဏ်းခွဲမှူး .. သခင်လေးလော်ထျန်းဟူ၏ ဆရာငါးယောက်တွင် တစ်ယောက် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရလေသည်...
                 ထိုသိုင်း၏ ဖွဲ့စည်းပုံမှာ ဟာကွက်များလေလေ ဟာကွက်ကိုရှာဖွေရန် ခက်လေလေဟူသော အချက်ကို အမှီပြုတည်ဆောက်ထားခြင်းပင်.. လူတစ်ယောက်သည် တစ်နေရာထဲတွင် ဟာကွက် ဖြစ်ပေါ်နေပြီဆိုလျှင် ထိုဟာကွက် နေရာသို့ သေချာပေါက်တိုက်ခိုက်ခံရမည်ဖြစ်ပြီး ..ဟာကွက်နှစ်နေရာဆိုလျှင် တဖက် ပြိုင်ဘက်မှာ အတွေးဒွိဟ ဖြစ်သွားစေသည်.. ဟိုနေရာတိုက်ရ နိုးနိုး ဒီနေရာတိုက်ရ နိုးနိုးဖြစ်ပေါ်သွားမည်သာ ..
               အကယ်၍သာ တကိုယ်လုံးတွင် ဟာကွက် ဖြစ်ပေါ်နေပါက .. အဘယ် နေရာသို့ ဦးတည်တိုက်ခိုက်ရမည်နည်း...
          ရသေ့အိုကြီးသည် ဟာကွက်များ ရှာဖွေနေရင်း ခေါင်းရှုပ်လာသော်လည်း သူသည်လည်း ဓါးသိုင်းတွင် ပါရဂူတစ်ဆူနီးနီး အစွမ်းထက်သောကြောင့် ၀ူတန်၏ တိမ်မြုပ်နေသော ဓါးကွက်တစ်ကွက်ဖြင့် တုံ့ပြန်လိုက်လေသည်..
          ထိုသိုင်းကွက်သည် ဘိုးတော်ကျန်းစန်းဖုန်း၏ ဓါးသိုင်းမြစ်ဖျား ဟု ခေါ်ဆို၍ ရသော အဌမုခ် သမုဌာန်ရှစ်ပါး (၀ါ)ပါကွ ကိုအမှီပြုပြီး တည်ဆောက်ထားသော ဓါးသိုင်းဖြစ်လေသည်..
          ချီ-ယဲန်း ..   ကောင်းကင်
           ခွန်း     ..   မြေကြီး
          ကျဲန့်. . ..   မိုးကြိုး
           ရွှင့် .    ..   လေ
           ခန်      ..   ရေ
           လီ       ..    မီး
            ကဲင့်    ..   တောင်
            တွေ့.  ...  ရေကန်
            ဆိုသည့် ရှစ်မျိုးအား ယင်းယောင်(မျဉ်းတိုနှစ်ခု ) ယန်းယောင် (မျဉ်းရှည် တစ်ခု) သင်္ကေတပြုထားသည့် အတိုင်း ထပ်ဆောင်းထားရာ  သိုင်းကွက် တစ်ကွက်လျှင် အပွား သုံးကွက် ရှိ၏..  နှစ်ဆယ့်လေး ခုသော အပွားကွက်ထဲတွင် အကွက်ဖြာများထပ်မံရှိသေးရာ .. ကြောက်ခမန်းလိလိ ရှုပ်ထွေးလှသဖြင့် တော်ရုံ ကျင့်သူများ သွေးအန် သူ အန် ... အချို့မှာ ရူးသွပ်လုလု ဖြစ်ကုန်ကြလေ၏...
           ယခုတွင်မူ ထိုသိုင်းကွက်အားပေါက်မြောက်အောင်မြင်ထားသော ရသေ့အို နှင့် ဝေ့၀ူချောင်၏ အဆင့်လွန်ဓါးသိုင်းနှင့် တွေ့ဆုံကြပေတော့မည်..
               အားကွေ့သည် ရသေ့အိုကြီး အသုံးပြုလိုက်သော သိုင်းကွက်နှင့် ဝေ့၀ူချောင်၏ ဓါးကွက်တို့ကြောင့် ..နောင်တချိန်တွင် သူကိုယ်တိုင် ဓါး တစ်လက် ဖြစ်သွားမည်ကိုတော့ အနာဂါတ်ကို ကြိုမသိနိုင်သေးသဖြင့် သူမတွေးမိသေးပါ...
#49B ( အစ၏အဆုံး ..အဆုံး၏အစ )
       ရသေ့ကြီး၏ သိုင်းကွက်မှာ ကျင့်သူများ ရူးသူရူး သွေးအန်သူအန်ဟူသည်မှာ ဖြစ်နိုင်လောက်ပေသည် .. အကွေ့အကောက်များစွာနှင့် ရှုပ်ထွေးလွန်းလှရာ
ဝေ့၀ူချောင်၏ ဓါးမြောင်နှစ်လက်ကို ကောင်းစွာဟန့်တားထားနိုင်သည်...  သို့နှင့် တလှည့်တပြန်စီတိုက်ခိုက်နေရာမှ .. အကွက်ပေါင်း နှစ်ရာခန့်အရောက်တွင်..
ရသေ့ကြီး၏ ဓါးချက်သည် ဝေ့၀ူချောင်၏ ရင်ဘတ်အင်္ကျီစကို ''ဗျိ '' ကနဲ ဆွဲဖြတ်သွားလေသည်..
         ဝေ့၀ူချောင်သည် ရင်ဘတ်ပွင့်လုလု ဖြစ်သွားသဖြင့် ကြက်သီးမွှေးညှင်းများ ထောင်ထသွားကာ
      ''ဟူး... ဒီရသေ့ကြီးရဲ့အတွင်းအားနဲ့ သိုင်းကွက်ကလည်း ကြောက်စရာ ကောင်းလှပါလား တိုက်စစ်ဖွင့်နေရင်တော့ မလွယ်တော့ဘူး .. ခံစစ်ကနေ ကာကွယ်နေမှရမယ် ..''''
      ဟုအတွေးပေါက်ကာ ..
     မုန်တိုင်းကြားမှခရုအို သိုင်းကွက်အားပြန်လည်သုံးစွဲလိုက်သည်.. မိမိထက် သိုင်းပညာသာသူအား ခုခံကာကွယ်ရန်အတွက် အနှီသိုင်းကွက်သည် အစွမ်းထက်လှ သည်မဟုတ်လား..
       ရသေ့ကြီးမှာ တဖက်ရန်သူ၏ သိုင်းကွက် ထူးထူးခြားခြားလေးလံနှေးကွေး သွားသည့်အပြင် စေ့ငှသော ကာကွယ်ချက်များကြောင့် ဓါးအလျှင်ကို လျှော့ချလိုက် သည်...
         ''ထန်း..ထန်း..ထန်း..''''
       ဓါးမြှောင်နှစ်လက်နှင့် ဓါးရှည်တစ်လက်တို့ ထိတွေ့သံ တောင်ကြားတစ်ခုလုံး ညံစီနေသည့်အပြင်.. ဓါးဓါးခြင်းထိတွေ့ရာမှ ထွက်လာသော မီးပွင့်လေးများကလည်း ၀င်းကနဲ ၀ဲကနဲ ဖြစ်နေသည်..
        ရသေ့ကြီးမှာ ဓါးမှော်ပေါက်နေသူ တစ်ဦးဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ မုန်တိုင်းကြားမှ ခရုအို သိုင်းကွက်အား သဘောပေါက်စ ပြုလာ၏ ..
         ထိုသိုင်းကွက်မှာ တဖက်လူ၏ သိုင်းကွက် မြန်ဆန်မှုကို ပြတ်သားသော ထောက်ချက်များဖြင့် ကာကွယ်နေခြင်းဖြစ်သည် .. တဖက်လူက မြန်ဆန်လေလေ .. ထောက်ချက်များတိကျလေလေဖြစ်သည်..
        အယောင်ပြသိုင်းကွက်များ .. မြန်ဆန်သွက်လက်ခြင်းများ..အရှိန် ပြင်းထန်ခြင်း များကို တားမြစ်ဖို့ရန် တီထွင်ထားခြင်းပင်..
         တဖက်လူ၏ ဓါးကွက်သုံးကွက်သည်.. မုန်တိုင်းကြားမှ ခရုအို သိုင်းကွက် တစ်ကွက်နှင့်ညီမျှသည် ... မုန်တိုင်းမည်မျှ ပြင်းထန်နေပါစေ .. ခရုကတော့ မြေပြင် ပေါ်ကုတ်ကပ်ကာ သွားမြဲသွားနေမည်မဟုတ်လား ...
       ရသေ့ကြီးသည်  အရှိန်အဟုန် ပြင်းပြင်းနှင့် တိုက်ခိုက်နေရာမှ .. တိခနဲ ရပ်တန့် လိုက်သည်..
       ထိုသို့ပြုလုပ်ရန်လွယ်ကူလှသော ကိစ္စတော့မဟုတ်ပေ .. နှစ်ဦးနှစ်ဖက် အသေအကြေ တိုက်ခိုက်နေကြသည့်အချိန်တွင်  ဓါးချက်ကို ရပ်တန့်လိုက်ခြင်း သည် ရူးမိုက်ရာ ကျရုံမျှမက .. ပြိုင်ဘက်အား လည်စဉ်းပေးသည်နှင့် အတူတူပင် မဟုတ်လော..
          ''ဟာ..အလို .. ဆရာကြီး ...'''
           ရသေ့ငယ်များ၏ စိုးရိမ်ပူပန်သော အသံများ ထွက်လာကြချိန်တွင် ..
           အားကွေ့နှင့် ရသေ့ကြီးတို့မှာ ပြုံးနေကြ၏... မှန်ပေသည် ခရုအို၏ထုံးစံ က မုန်တိုင်းတိုက်လျှင်လည်း ဆက်သွားနေသကဲ့သို့ မုန်တိုင်းကုန်လျှင်လည်း ဆက်သွား နေလိမ့်မည်ပင်...
        ရသေ့ကြီး၏ အရှိန်ပြင်းထန်လှသော ဓါးချက်မှာ တိကနဲ ရပ်တန့်နိုင်သလောက်
 ဝေ့၀ူချောင်၏ ဓါးမြောင်တိုနှစ်လက်မှာ နှေးကွေးတုန်ရီစွာ ထိုးထွက်နေမြဲ....
             '''ရွှပ်....''
             ''အ..''
             ရပ်တန့်ထားသော ဓါးရှည်သည် .. ကျွံထွက်လာသော ဓါးနှစ်လက်ကြားမှ ဒေါင်လိုက် ပင့်တက် သွား၏... ပြဲစုတ်နေသော ရင်ဘတ်မှ သွေးများ စိမ့်ထွက်လာပြီး ဝေ့၀ူချောင်လဲကျသွားလေသည်..
             ရသေ့ကြီးသည် စိတ်တိုစိတ်ကြီးတတ်သူဖြစ်သော်လည်း ရက်စက် ကြမ်း ကြုတ်သော စိတ်ထားမရှိသောကြောင့် .. ရင်ဘတ်အား ဓါးဖြင့် စပါးလုံးတစ်ထောက် စာမျှသာ ဆွဲဖြဲလိုက်ခြင်းဖြစ်၏..
             ဝေ့၀ူချောင်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အားကွေ့ နှင့် ၀ူတန်ရသေ့အိုကြီးအား ကြည့်ကာ ရင်ဘတ်သွေးကြောများကို ထိုးပိတ်လိုက်သည် .. ထို့နောက် ဓါးတိုနှစ်လက်ကို ခါးကြားထဲပြန်ထိုးထည့်ကာ ..
               ''ရသေ့ကြီး ကျုပ်ကို အသေသတ်ချင်သတ်သွား ..မသတ်ဘူး ဆိုရင်တော့  ခင်ဗျားကြီးတို့ ၀ူတန်တစ်ဂိုဏ်းလုံးပြန်ပေးဆပ်ရမယ်ဆိုတာ ကျုပ်ကျိန်ရဲတယ် ..''
               ရသေ့ကြီးက ..သူ၏ ဓါးကို မိုးပေါ်မြောက်တက်လိုက်ပြီး
              ''မင်းကိုသတ်ရအောင် ငါနဲ့မင်းနဲ့က ရန်သူ မှမဟုတ်တာ .. မင်းကို ငါက တောင်ပေါ်တက်ပြီး ဂါရ၀ပြုဖို့ အခွင့်အရေးပေးသားပဲ ..  မင်းကသာ လွယ်တဲ့လမ်း ကို ခက်အောင်လုပ်ချင်တာ .. အခုတော့ ငါလည်း မင်းကို ထိုက်သင့် တဲ့ အပြစ် ပေးပြီး ပြီမို့ ဘာမှ ထပ်မလိုတော့ဘူး .. ''
            ဟုပြောပြီးချိန်တွင်..
              ''၀ှီး... ချပ်..'''
             မိုးပေါ်သို့ ပြစ်မြောက်လိုက်သော ဓါးရှည်သည် ပြုတ်ကျလာပြီးရသေ့ကြီး၏ ကျောပြင် ပေါ်မှ ဓါးအိမ်ထဲသို့ တည့်မတ်စွာ ပြန်ဝင်သွားလေသည်..
           ရသေ့ကြီး၏   ချိန်သားကိုက်မှု ..ယုံကြည်မှု ..ကျွမ်းကျင်မှု က အံ့သြော စရာပေ..
           အားကွေ့သည် ရသေ့ကြီးအား လေးစားစွာ ကြည့်လိုက်ရင်း .. သူငယ်စဉ်က  ကြုံတွေ့ဖူးသည့် ၀ူတန်ဂိုဏ်းချုပ်ကြီးအား ပြန်လည် သတိရလာမိသည်..
              သူဒါဏ်ရာ ရနေစဉ်က အန္တိမရင်ခွင် အတွင်းအားဖြင့် ကုသပေးဖူးသည် မဟုတ်လား..
                ဝေ့၀ူချောင်သည် အတွင်းဒါဏ်ရာမှ သက်သာစပြုနေသော လော်ထျန်းဟူ ၏လက်ကိုဆွဲကာ ၀ူတန်တောင်ခြေမှ ထွက်ခွာသွားလေတော့သည်.. သူနှင့် အတူ အမုန်းတရားများ ..ကလဲ့စားများ ..နာကျည်းမှုများ ..ရှက်ရွံ့မှုများ ..ဒေါသများ .. အစရှိသော အရာများလည်း တပါတည်း ပါသွားလေတော့၏..
     {    +++ ကျေးဇူးတရားသည် အလွယ်တကူ ပျောက်ပျက်လွယ်သလောက် အမုန်းတရားဟူသည်မှာက ကမ္ဘာကြေလျှင်ပင် ပြေမည့်အမျိုးမဟုတ်ပေ..++++
        ++ မိမိမုန်းတီးသောသူသည် အပြစ်မြူမှုန်မျှမရှိသော သူတော်စင်ပင် ဖြစ်နေစေလင့်အုံး .. မိမိ၏ အမြင်တွင်တော့ စက်ဆုပ်ရွံရှာဖွယ်ရာ သူဆိုးသူယုတ် ပဲ ဖြစ်နေတတ်၏..++}
        အားကွေ့သည် ထွက်ခွာသွားသော ဆရာတပည့်နှစ်ယောက်ကို  ကြည့်ပြီး နောက် ဘိုးတော် ကျန်းစန်းဖုန်း၏ ရုပ်ထုအား ဂါရ၀ပြုရန် .. တောင်ပေါ်သို့. ရသေ့ကြီးတို့နှင့်အတူ တက်သွားလေသည်..
          တောင်ခြေတွင် မားမားမတ်မတ် ရပ်တည်နေသော အရာဟူ၍ ..၀ူတန်၏ အထွဋ်အမြတ် ကျောက်စာတိုင်ကြီးပင်ရှိတော့၏ ...
           အခြားသူအတွက်တော့ ရိုးရိုးကျောက်တိုင် တစ်တိုင်ဟုသာ အမြင် ရှိသော ထိုကျောက်တိုင်သည် ..၀ူတန်အတွက်တော့ အဖိုးမဖြတ်နိုင်သော အမွေအနှစ် တစ်ခုပေ...
          +++ သူများအတွက် အမှိုက်တစပင်ဖြစ်ပါစေ... မိမိတန်ဖိုးထားရာ အရာဟူ သည်မှာကား ရွှေစင်ငွေစင်တို့ထက်ပင် အဖိုးများစွာတန်လေ၏..+++
     ====++++====+++++====++++=====
       ရာသီဥတုသည် ပူသည်ဟုလည်းမဆိုသာ ..အေးသည်လည်းမမည်ပဲ .. အလော တော်နှင့် သာသာယာယာပင်ဖြစ်သော်လည်း ... ခရီးရှည်ကြီးထွက်လာရသူများအဖို့ တော့ ပူလောင် ပြီးပျင်းရိဖွယ်ရာကောင်းလှသည်..
       သစ်ကြီး တောကြီးလမ်းကို ဖြတ်သန်းလာရသူများအဖို့ ပို၍ပင် ပျင်းရိဖွယ်ရာ ကောင်းလိမ့်အုံးမည်..
         အကယ်၍သာ ရေနှစ်ရက် မချိုးရသေးဘဲ .. သုံးရက်လုံးလုံးမြင်းစီးနေရသည့် အခြေအနေဆိုလျှင် ပို၍ ပို၍ ပို၍ ပင်ငြီးငွေ့နေလိမ့်မည်ဖြစ်သည်..
       ဟွားဟွားသည် သူတထူးထက်ပို၍ အပျင်းပိုလှသည် ဖြစ်ရာ ..ထိုကဲ့သို့ အခြေ အနေမျိုးတွင် သာမာန်လူများထက်ပို၍ပို၍ ပို၍ပို၍ ပင်စိတ်ကုန်လှပြီ...
        ကျောက်ကျူးထင်ကတော့ သူ၏မွေးစားတူမတော်၏ ဆူပုတ်ပုတ် မျက်နှာကို ကြည့်ကာ အလန့်ကြီးလန့်နေမိသည်..
           ဟွားဟွားမှာ မြင်လိုက်သည်နှင့် လူတကာ လည်ပြန်ငေးရလောက်အောင် လူကြီးလူငယ် အထီးအမ မရွေး တထိုင်ထဲ ချစ်သွားရအောင် ချစ်မွှေးပါသော်လည်း .. ဆိုးနွဲ့ တတ်လွန်းသဖြင့် ကျောက်ကျူးထင်မှာ တူမတော်အား ဒူးတုန်အောင်ပင် ကြောက်လှ၏...သိုင်းလောကထိပ်သီး နံပါတ်နှစ် သိုင်းအကျော်အမော် အဝေးရောက် လက်သီး ကျောက်ကျူးထင် သည် လွန်စွာ ချစ်ဖွယ်ကောင်းသော အနှီမိန်းမပျိုလေး အား ကြောက်လှ၏ဟု ဆိုလျှင် ရယ်ရွှင်ဖွယ်ရာပင်.. သို့သော်လည်း ထိုကိစ္စက အမှန်ပင်..
          ခွန်လွန်တောင်တွင် သူခရီးထွက်မည်ဟု သိသွားတုန်းကလည်း သူမပင် အတင်းပူစာပြီး ကုတ်ကပ် လိုက်လာခဲ့သည်.. နောက်နှစ်ရက်နေမှ အားဖုန် အားချန် . လိုင်လိုင်တို့ နှင့်လိုက်လာရန်ပြောတော့လည်းမရ .. သို့နှင့်ခေါ်လာခဲ့ရသည် ..
          ခရီးစထွက်တုန်းက သူမလောက်ပျော်တာမရှိ .. မြင်းပေါ်မှ ခုန်ဆွခုန်ဆွ နှင့် သီချင်းများအော်ဆိုလိုအော်ဆို .. က လို က .. သူ့အား ပါးစပ်မှ အမြုပ်ထွက်မတတ် အသံစာစာလေးနှင့် စကားပြောလိုပြော သေးသည်..
         ပထမတရက်ပြီးတော့ ဒုတိယရက်တွင် စကားပြောနည်းသွားသည်.. ယခု တတိယ ရက်ရောက်တော့ သူမ၏ မျက်နှာသည် ရာသီဥတုမသာယာတော့ပေ..
 သူ့၏ အတွေ့အကြုံအရ.. များမကြာမီအချိန်တွင် မဖုရားလေး၏ ရွှေနူတ်တော်က ကတ်သီးကတ်သတ်အရာများကို ပူဆာချေတော့မည်..
       ကျောက်ကျူးထင်မှာ သူတတ်နိုင်သော အရာသာ ပူဆာရန် စိတ်ထဲကျိတ် ဆုတောင်းနေမိသည်..
         မဟုတ်လျှင် ဒီသူငယ်မ၏ ဆူပူကြိမ်းမောင်းခြင်း နှင့် ငိုချင်းရှည်ကြီးကို နားသောတ ဆင်နေရတော့မည်..
          သူမျက်ခုံးလှုပ်နေခိုက်တွင်... မြင်းစီးနေသော ဟွားဟွား သည် သူ့ဘက် လှည့်လာခဲ့၏...
           ''မြတ်စွာဘုရား ကယ်ပါ.. ဗေဓိသတ္တအလောင်းကယ်ပါ ..ကွမ်ရင်မယ်တော် ကယ်ပါ.. မိုးနတ်မင်းကြီးကယ်ပါ.. ''''
         စိတ်ထဲတွင်ဘုရားတနေတုန်း ...
          ''ဦးကြီးကျောက် .. သမီးရေချိုးတော့မယ် .. နားအုံးမယ် ..အိပ်ချင်တယ် .. ဗိုက်လည်းဆာတယ်.. ပျင်းလည်းပျင်းတယ် .. မြင်းလည်းမစီးချင်တော့ဘူး .. ''
            ကျောက်ကျူးထင်သည် ဟွားဟွား ရွှေစိတ်တော် မညိုခင် အလျင်အမြန်ဖြင့်
      ''နားရမှာပေါ့  .. စားရမှာပေါ့ .. ပြီးရင်အိပ်ရမှာပေါ့ သမီးရယ် .. ဦးကြီးကျောက်
 လုပ်ပေးမှာပေါ့ ..ဒါပေမယ့် .. ရှေ့ကိုနည်းနည်း ဆက်သွားရအုံးမယ် သမီးရဲ့ .. ရှေ့ နှစ်လီလောက် စီးလိုက်ရင် စမ်းချောင်းလေးရှိတယ် .. အဲ့စမ်းချောင်းထဲမှာ သမီးက ရေချိုး ..ဦးကြီးကျောက်က ရိက္ခာခြောက်ပြင်ထားလိုက်မယ် .. သမီးရေချိုးပြီးရင် စား .. ပြီးတာနဲ့ အရိပ်ကောင်းတဲ့ နေရာမှာသမီးလေး အိပ်ပေါ့ကွယ် .. မကောင်းဘူးလား''
            ဟွားဟွားက သူမ၏ သွားတက်ကလေး ပေါ်အောင် နီရဲထွေးအိ နေသော နူတ်ခမ်းလုံးလုံးလေးအား ဖိကိုက်ကာ စဉ်းစားလိုက်ပြီး
               ''''ဟာ.. ဒီရိက္ခာခြောက်ကြီးမစားချင်တော့ဘူး ..အဲ့အသားခြောက်တွေ ကို မုန်းတယ် .. ''''
               ကျောက်ကျူးထင်က မျက်နှာချိုသွေးကာ ..
               ''သမီးပဲ အဲ့သမင်သားခြောက်တွေကို ကြိုက်တယ်ဆို ..''
            ဟွားဟွားက သူမ၏စကားကို အတွန့်ပြန်တက်လာသော ကျောက်ကျူးထင် အား သူမ၏မည်းနက်တောက်ပနေသော မျက်ခုံးလေး တွန့်သွားအောင် ပင့်လိုက်ပြီး .သေသွားမယ်ဟူသော အမူအယာနှင့် ဖွေးဥနေသောမေးလေးကို ရှေ့ထိုးပြလိုက်ရာ ..
           ကျောက်ကျူးထင်က ကပြာကယာနှင့်
           '''အိမ်း ဟုတ်သားပဲ .. လူဆိုတာ နေ့တိုင်းတော့ ဒီအစာကို ပဲ ဘယ်စား နိုင်ပါ့မလဲ .. ငါကလည်း အသက်ကြီးလာတော့ ချာ လိုက်တာ လွန်ရော .. ကိုယ့်တူမ ဘာကြိုက်သလဲတောင် မေ့နေပေါ့ .. ဒီလိုလုပ် သမီးလေးက ရေချိုးနှင့် ဦးကြီးကျောက် က ရှေ့နား ရွာမှာ သမီးစားဖို့ရယ် တည်းဖို့ခိုဖို့ရယ် ပြင်ထားနှင့်မယ်  သမီးက ရေချိုးပြီးရင်လိုက်ခဲ့ပေါ့ ဟုတ်လား .. '''
            ထိုအခါမှ ဟွားဟွားက ပြုံးတော်မူကာ ..
            ''ဒါကြောင့်လေ ဟွားဟွား က ဦးလေးတွေထဲမှာ ဦးကြီးကျောက်ကို အချစ်ဆုံး ..ဦးဦးချန်း ကိုတော့ သမီးက သိပ်မချစ်ဘူးသိလား ..''
            သူ၏အသည်းကျော် တူမတော်၏ ထိုစကားအား ပီတိဖြာကာ .. ကျောက်ကျူးထင်က ..
          ''ကိုင်း..သမီးလေးရေ မြန်မြန်လေးသွားလိုက်ကြအုံးစို့ ...သိပ်နောက်ကျ နေရင် မကောင်းဘူး ..''''
           ဟွားဟွားသည် သူမလိုချင်တာ ဖြစ်တော့မည်ဟူသော အသိဖြင့် ပျော်ရွှင် မြူးတူးသွားရကာ .မြင်းကို ဒုန်းစိုင်းနေအောင် မောင်းတော့သည်...
            ''ခွပ်..ခွပ်..ခွပ်..''
              ဟွားဟွား၏ မြင်းခွာကြောင့် သေတော့မလို ဖြစ်သွားသော ပုတ်သင်ညို သည် စိတ်တိုလွန်း၍လား .. ကံကောင်းသည်ဟု ဟူဆ၍လား မသိ ..ခေါင်းအား တစ်ဆတ်ဆတ်ငြိမ့်နေရှာ၏....
=====++++=====+++===
             '''ဗွမ်း....'''
           ရေထဲသို့ တစုံတရာခုန်ချလိုက်သော အသံကြောင့် သစ်ပင် ပေါ်တက်အိပ် နေသော အားကွေ့သည် ဆတ်ကနဲ နိုးလာသည်.. ၀ူတန်တောင်မှ နူတ်ဆက် ထွက်လာပြီး ဆယ်ရက်ကျော် ခရီးတွင်  အပြင်းနှင်လာရ၍ ခရီးပမ်းနေသည်မို့ ..  စမ်းချောင်း နဘေးရှိ သစ်ပင်ပေါ်တက်အိပ်နေခြင်းဖြစ်သည်.. မှေးကနဲ အိပ်ပျော်၍ မှ မကြာသေး ယခုတော့ နိုးရပြီ ..
         ဒေါပွပွနှင့် ထကြည့်လိုက်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒေါမပွနိုင်ပါ..
           သွားတက်လေးပေါ်အောင် ပြုံးရယ်နေပြီး ရေထဲတွင် ပက်လက်လှန်ကာ ကိုယ်ဖော့ကူးနေသော အ၀တ်ဗလာနှင့် ချစ်စဖွယ် မိန်းမချော မိန်းမလှလေးအား မြင်ရ၍ ဒေါပွမည့် လူယောင်္ကျားမျိုး လည်း ဒီလောကကြီးတွင်ရှိအံ့မထင်ပါ..
          အားကွေ့သည်လည်း လူယောက်ျားပင်မဟုတ်ပါလား ....
       သစ်ပင်ပေါ် အကျအနနေရာယူလိုက်ပြီး .. အ၀တ်အိတ်ထဲမှ ဆန်အရက်အိုး လေးအား မော့ကာ .. အားကွေ့တစ်ယောက် အရက်နှင့်မြည်းနေမိသည်..
#50 ( အစ၏အဆုံး ..အဆုံး၏အစ )
        ပေါင်လည်လောက်သာရှိသော စမ်းချောင်းလေးသည် ကြည်လင်စိမ်းဖန့် ကာနေသည်မို့ အောက်ခြေရှိ  ကျောက်စရစ်ခဲများ သဲကြမ်းပြင်တွင် တ၀က်မြုပ် နေသည့် သစ်ရွက်များ .. သစ်ကိုင်းအတိုလေးများကိုမြင်နေရသည်...
        ငွေရောင်တောက်ပနေသော ငါးပေါက်စလေးများမှာ သူတို့နည်းတူ ရေထဲတွင် ကူးခတ်နေသော နတ်မိမယ်သဖွယ် မိန်းမငယ်လေးအား ငေးမောကြည့်ရှုနေကြ၏..
        ငါးများ၏ပြူးကျယ်သော မျက်လုံးထဲတွင်မည်သို့ရှိမည်မသိ အားကွေ့ကတော့
မိန်းကလေးအားကြည့်ကာ အနုလုံပဋိလုံ သုံးသပ်နေသည်....
        သူမ၏တကိုယ်လုံးတွင် မလှပသည့်အစိတ်အပို်င်းဟူ၍ မရှိပါ.. ဆံစလေးများမှာ ရေစို၍ ကပ်နေသော်လည်း ထူထဲအုံကောင်းလှသဖြင့်  ပိပြားသွားသည်မရှိ ချစ်စဖွယ် မျက်နှာကျလေးအား အနက်ရောင်ပိုးသားဘောင်ကွပ်ပေးထားသည့်သဖွယ် ခြံရံထား၏..
         ရဲတျာတျာနှုတ်ခမ်းလေး .. မျက်အိမ်ကျယ်ကျယ်ထဲမှ နက်မှောင်သော မျက်ဝန်းကလေး .. ကော့ညွှတ်နေသောမျက်တောင်.. နှာခေါင်းလုံးလုံးလေးနှင့် ပါးချိုင့်လေး .. ထိလိုက်လျှင်ကြေမွသွားနိုင်သော ဆင်စွယ်နှစ်ရောင်အသားအရည်  .. အဆီအပိုနှမ်းစိမျှမရှိသော ကိုယ်ခန္ဓာအချိုးအဆစ်မှာ အမျိုးသမီးများမနာလိုချင်စရာ ကောက်ကြောင်းပီသလွန်းနေသည်မှာ အသက်အရွယ်နှင့်မမျှ..
    (ဤကောက်ကြောင်းများအား အသေးစိတ်ဖော်ပြလိုသော်လည်း .. မလိုလား အပ်သော ပြသနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် စာရေးသူ၏ အာဘော် အရ ကျော်လွှားလိုက်ရပါကြောင်း..)
         ငါးကလေးများသည် ပက်ပက်စက်စက်လှနိုင်လွန်းသော ဟွားဟွားအား ကြာကြာကြည့်နေလျှင် ရေနစ်သေသွားမှာစိုး၍ ထင်သည် ရေအစုန်အတိုင်းလိုက်ကာ ကူးခတ်သွားလိုက်ကြသည်...
          သို့ဆိုလျှင် အားကွေ့သည်ကကော.... အားကွေ့သည် အရက်သောက် ထား၍ သွေးပူနေသည်ကတကြောင်း ဟွားဟွား၏ ဆွဲဆောင်အားကောင်းသော အလှအပကြောင့်တကြောင်း ... စိတ်လှုပ်ရှားလွန်းရာ နှာခေါင်းသွေးများပင် ယိုစီး ကျလာ၏... မျက်တောင်မခတ်ဘဲကြည့်နေသောကြောင့် မျက်စိများကျိန်းစပ်နေသည် ကိုပင် အရေးမလုပ်အား .. ငုံထားသော အရက်ကိုပင် မျိုချရန်မေ့လျော့နေမိသည်..
            အထူးသဖြင့် ပြစ်မျိုးမှဲ့မထင်ဟူသော စကားပုံကို ရိုက်ချိုးသွားသော ဟွားဟွား၏ ရင်ညွှန့်မှ အစိမ်းရောင် မှဲ့လေးတစ်လုံးက အားကွေ့အား ဖမ်းစားနိုင်၏..
           ရေကူး၍၀သွားသော ရေနတ်သမီးလေးမှာ အ၀တ်အိတ်ထားရာနေရာသို့ တက်သွားပြီး အထုပ်ထဲမှ လက်တ၀ါးစာ ဗူးလေးတစ်ဗူးကို ထုတ်ယူပြီး ကိုယ်ခန္ဓာ အနှံ့လိမ်းချယ်နေလေသည်...
            ထိုမြင်ကွင်းကို မြင်လျှင် အားကွေ့မှာ အာခေါင်များ ချောက်ကပ်လာသော ကြောင့် အရက်ငုံထားသည်ကို မေ့ကာ လက်ထဲမှ အရက်အိုးအား ထပ်မံ၍မော့ချာ လိုက်၏...
           ''ဖရူး..ဖရူး.. ထွီ.. အဟွတ်..အဟွတ်..'''
             မဆင်မချင်မော့သောက်လိုက်မိသော အားကွေ့တစ်ယောက် အရက်သီး လေပြီ....
           ဟွားဟွားသည် စမ်းချောင်းအတွင်းဝယ် လူသူတစ်ယောက်မှမရှိသည်ဟု ယူဆမိသဖြင့် စိတ်လွတ်ကိုယ်လွတ်ရေချိုးနေခြင်းဖြစ်သည်.. အတန်ကြာ ကူးခတ် ၍ ၀ သွားသောအခါ စံပယ်ဆီ နှင်းဆီရည် နှင့် ကတိုးနံ့သာ သုံးမျိုးရောစပ်ပြီး ပေါင်းခံ ထားသော အမွှေးဆီဖြင့် ကိုယ်အနှံ့ လိမ်းကျံ့နေစဉ်တွင်..
           တစုံတစ်ယောက်၏ အသံပလံမျိုးကြားလိုက်ရသောကြောင့် စိတ်ထဲတွင် ဒိန်း ကနဲဖြစ်ပြီး အသံကြားရာကို လှမ်းကြည့်လိုက်လျှင် တဏှာရူးတစ်ယောက် မိမိအား ချောင်းမြောင်းနေသည်ကိုတွေ့လိုက်ရရာ  ရှက်ရွံ့စိတ် ..ရွံ့မုန်းစိတ် နှင့် ဒေါသ တည်းဟူသော ဒေါမနသ သုံးမျိုးသုံးလီပေါင်းစပ်ပြီး အ၀တ်အစားများကို ယူကာ အနီးရှိ ခြုံထဲသို့ ခုန်ဝင်သွားလိုက်သည်..
          အခွက်ပြောင်လှသော အားကွေ့မှာလည်း  သူခိုးလူမိဖြစ်သွားသောကြောင့်  သူ၏ အထုတ်များကို ကောက်ယူကာ လစ်ပြေးဖို့ ကြံစည်လေတော့၏...
                "ဖတ်..ဖတ် "
              သစ်ပင်ပေါ်မှကိုယ်ဖော့ပညာဖြင့် ခုန်ချလိုက်ပြီးနောက် စမ်းချောင်းဘေး လမ်းရိုးလေး အတိုင်းထွက်ပြေးရန်အားထုတ်နေစဉ်တွင်
 "တဏှာရူး၊အကျင့်ပုတ်၊သူများသားသမီး ရေချိုးနေတာကို အရသာခံ ကြည့်နေတဲ့ ခွေးလိုကောင် မပြေးနဲ့ ၊ ရှင့်မျက်လုံးကိုထိုးဖောက်ပြီး နောက်နောင် တဏှာမရူးနိုင် အောင်လုပ်ပြီးမှ သတ်ပစ်မယ် "
       အသံစွာစွာနှင့်အော်သံထွက်လာပြီး ချုံပုတ်အတွင်းမှ မိန်းမပျိုလေး ပြန်ခုန်ထွက်လာခဲ့သည်၊ ယခုတော့ အ၀တ်အစားအစုံအလင်ဖြင့်ပင် …..
    အ၀ါရောင်ချည်ထည်ပျော့ဝတ်စုံလေးနှင့် တမျိုးတဖုံလှနေသော မိန်းကလေးသည် သူ့အား မည်မျှဒေါသထွက်နေသည်မသိ သူမ၏နုနုငယ်ငယ်မျက်နှာပေါ်တွင် မျက်လုံး အစုံက မီးဝင်းဝင်းတောက်နေသည်။
               အားကွေ့မှာသူ့အားရန်ထောင်နေသောမိန်းကလေးအား ကြည့်ကာ ပြုံးထေ့ထေ့ဖြင့်
          ''အင်း…ငါ့မှာ ဒီလောက်ဂုဏ်ပုဒ်တွေများမှန်း အခုမှသိတော့တယ်၊ ဒီမှာ မိန်းကလေးမင်းကို တမင်သက်သက်ချောင်းကြည့်နေတာ မဟုတ်ပါဘူးကွာ ၊ ငါက အရင် သစ်ပင်ပေါ်မှာ အိပ်နေတာ မင်းဟာမင်းရေလာချိုးလို့ ရေကူးသံကြောင့် ငါ  နိုး လာတာ .. တကယ်ဆို မင်းကတောင် ငါ့အိမ်မက်ကမ္ဘာလေးကို ဖျက်ဆီး သွားသေးတယ်…''
             ဟွားဟွားသည် နဖူးတွင်ရွှေရောင်အမှတ်အသားနှင့်ပြောင်စပ်စပ်ကောင်၏ ငါးဖယ်လှန် ပြောင်းပြန်ခတ် စကားကြောင့် ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ …
       '' ရှင်..ရှင် နှမချင်းကိုယ်ခြင်းမစာမနာလည်း ချောင်းမြောင်းကြည့်သေးတယ် .. တောင်းပန် ဖို့ စိတ်မကူးတဲ့အပြင် ပြန်ပြီးတောင်ရန်ထောင်နေသေးတယ် ကလေက၀ ကောင် ရှင်ထွက်ပြေးဖို့လုံးဝမစဉ်းစားနဲ့သေမယ်သာပြင်ထား''
                ဟုအော်ဟစ်လိုက်ပြီး ဓါးရှည်တစ်လက်ကတဖက် အ၀တ်ထုပ်ကတဖက် ကိုင်စွဲလျက် အားကွေ့ ရှိရာသို့ ပြေးလာခဲ့သည်။
                  အားကွေ့သည် ပထမတွင် ထွက်ပြေးရန် စဉ်းစားမိသော်လည်း ထိုကောင်မလေး၏ ချစ်စဖွယ် ကောင်းသောအမူအယာကြောင့် မထွက်ပြေးတော့ပဲ စ နောက်ရန်သာဆုံးဖြတ်လိုက်၏၊ အားကွေ့ ဟူသည်က ဗရုတ်ကျသော ၊ အရှက်ကင်းမဲ့ သော ၊ ဉာဏ်နီဉာဏ်နက်များသော ညစ်ပေပေကောင်ကလေး ဖြစ်သည်လေ။
             ''အမယ် ဒီကလေးမကိုယ်ဖော့ပညာတော့ထူးချွန်သားပဲ ၊ ဆရာကောင်း တပည့်ဖြစ်ပုံရတယ်၊  ဒီအသက်အရွယ်နဲ့ထိပ်တန်းအဆင့်တောင် ရောက်နေတာ .. ကြည့်ရတာသိုင်းပညာလည်းမဆိုးလောက်ဘူး၊ စွာတော့တော်တော်တော်စွာမဲ့ပုံဟ..''
           အကယ်၍အားကွေ့သာ အနှီချစ်စဖွယ်ကလေးမလေးသည် နေပြည်တော် ထောက်လှမ်းရေးမှူးချုပ် ၏အသည်းနှလုံးမြေးမ၊ ရွှေဓါးကိုင်ကိုယ်ရံတော် အကြီးအကဲ ၏တဦးတည်းသော သမီး၊ သိုင်းလောကတခွင်လုံး လေးစားရသည့် ပြိုင်ဘက်ကင်း ခုနှစ်မျိုး ထူးချွန်ဆရာကြီးမုန့်၏ ရှုမငြီးသည့် မွေးစားသမီး ဟု သိခဲ့မည် ဆိုပါလျှင် ထိုကဲ့သို့ ပျားအုံကိုဒုတ်နှင့်ထိုးမည့်အလုပ်မျိုးကို ငွေပုံပေးတောင် လုပ်မည်မထင်ပါ ယခုတော့ …
      ဟွားဟွားသည်ကိုယ်ဖော့ပညာဖြင့်ပြေးလာရင်း ပြောင်စပ်စပ်တဏှာရူး ခွေးသူခိုး အနား ရောက်ခါ နီးတွင် သူမ၏ဓါးကို ရမ်းလိုက်သည်…..
                      ''ဖုန်း ….ရွှီ…..၀ှီး ……. "
                            ''ဖတ်"
      ဓါးအိမ်သည် မိုးကြိုးပစ်လိုက်သကဲ့သို့အရှိန်ဖြင့် ``၀ှီ ´´ ခေါ်အောင်မြည်ဟီးကာ အားကွေ့၏ ရင်ဝတည့် တည့်သို့ ဦးတည် ၀င်ရောက်သွား၏။
     အားကွေ့အတွက်တော့ ထိုဓါးအိမ်သည် ပန်းဖြင့်ပေါက်ကာ ကျီစယ်သကဲ့သို့ပင်၊ ဓါးအိမ်အား ``ဖတ်´´ ကနဲဖမ်းဆုပ်လိုက်ပြီးနောက်
            ``အလို….လူကပဲလှမယ်ထင်နေတာ၊ ဓါးအိမ်လေးကပါလှနေတာကိုး၊ အေးပေါ့လေ ရတနာ ရှိရာ ရတနာစုဆိုတော့ အဖူးအမွန်အလှပဂေးအတွက် ဒီလို ဓါးအိမ်မှပဲဖြစ်မှာပေါ့ .. ဟုတ်တယ်မို့လား မိန်းမချောလေး´´
            `` တဏှာရူးကောင် ငါ့ဓါးအိမ်ကို လွတ်လိုက်စမ်း..´´
                 `` ၀ှစ်…၀ှစ်…၀ှစ်´´
        ဟွားဟွား၏စကားသံနှင့်အတူ ဓါးချက်လေတိုးသံများထွက်လာပြီး အားကွေ့၏ ခေါင်းအားဦးတည်ကာ ရှစ်ချက်တိတိခုတ်ဖြတ်လိုက်သည်။
         အားကွေ့မှာ ဟွားဟွား၏ထက်မြက်သော ဓါးသိုင်းအားလွယ်လင့်တကူပင် ရှောင်တိမ်းလိုက်ပြီး
            ``ဟဲဟဲ မိန်းမချောလေးဆိုတာ ဒေါသနဲ့မလိုက်ဘူးနော့် ၊တကယ် တကယ် လူလည်းလှ ဓါးလည်းလှ ၊ဓါးအိမ်ကလည်းချစ်စရာကောင်း၊နောက်ဆုံး ဓါးကွက်တွေ ကပါ သိပ် သိပ် လှသကိုးဗျ´´
            ဟွားဟွားသည် အချည်းနည်းဖြစ်သွားသောဓါးချက်များကို ရုတ်သိမ်းလိုက်ပြီး ဓါးဝိဇ္ဇာရှစ်ပါး၏ ဆီးနှင်းကဗျာ ဓါးမိုးရွာ ဟူသော အဆင့်မြင့်ဓါးသိုင်းနှင့် အားကွေ့အား တရစပ်တိုက်ခိုက်လေတော့သည်။
           ဓါးချက်များမှာ နေပျောက်ပင် မ၀င်နိုင်အောင် စေ့စပ်လှပြီး ထိပ်တန်း သိုင်းသမား များပင် ခုခံရ ခက်ခဲနိုင်ပေသည်။ချန်းမိသားစု၏သိုင်းမျိုးဆက်လည်းဖြစ်၊ ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့်၏ မွေးစားသမီးလည်း ဖြစ်သူပီပီ သူမသည်လည်း အညံ့စားသိုင်းမိမယ်မဟုတ်ရပါ။
            ခက်သည်က သူမယှဉ်ပြိုင်နေရသော ကလေက၀ကောင် တဏှာရူးမှာ ရှောင်တိမ်းသည့် နေရာတွင် ငါးရှဥ့်ကပင် အဖေခေါ်ရနိုင်ပြီး အရိပ်ကဲ့သို့ ဖမ်းရခက်လှ ၏။
        ဟွားဟွားသည်သူမတတ်မြောက်ထားသော ထိပ်တန်းဓါးသိုင်းများကို တမျိုးပြီး တမျိုးသုံးကာ ခုတ်ဖြတ်ထိုးနှက်နေသော်လည်း ထိုအကောင်စုတ်မှာသူမ၏ဓါးချက်များ ကို ပွတ်ကာသီကာတိမ်းရှောင် နေမြဲပင်၊ အားကွေ့သည် တစ်ရာ့ခြောက်ချက်မြောက် ဓါးကွက်ကို အရိပ်တရာခြေလှမ်းတစ်ထောင် ခြေလှမ်းကွက်ဖြင့် ရှောင်တိမ်းလိုက်ပြီး နောက်
        `` အင်း ဒီကောင်မလေးကြည့်ရတာ နယ်နယ်ရရတော့ ဟုတ်ဟန်မတူဘူး ၊ သိုင်းကွက်တွေ ကအမျိုးစုံပြီး အဆင့်မြင့်သလို အတွင်းအားအခြေခံလည်း ကောင်း တယ်၊  သိုင်းဂုဏ်းကြီးမျိုးဆက် ဒါမှမဟုတ် အိမ်တော်အကြီးကြီးက သခင်မလေး တစ်ယောက်ယောက်ဖြစ်မယ်ထင်ရဲ့ ၊ ဟီးဟီး ဖြစ်တော့လည်း ငဖြစ်ပေါ့ကွာ သိုင်းလောက ကအကျယ်ကြီးပဲ သူ့ဆရာတွေ နောက်ခံတွေ လိုက်လာလဲ ရှောင်စရာ တိမ်းစရာမှ ပုံလို့ ….အခုတော့ သူလေးနဲ့ကစားရတာ ဘယ်လောက်ပျော်စရာ ကောင်းသလဲ နောက်ကိစ္စနောက်မှ ရှင်းမယ်´´
          ဟုတွေးကာ နံကြားသို့ထိုးစိုက်လာသော ဓါးချက်အား ရှောင်လိုက်ပြီးနောက် မိန်းကလေး၏ ၀ဲဘက်လက်ထဲမှ အ၀တ်ထုပ်အား ဆွဲလုလိုက်သည်။ ဟွားဟွားသည် သူမအဆက်မပြတ်တိုက်ခိုက်နေသည့် ကြားကမှ အ၀တ်ထုပ် ဆွဲလုခြင်းခံလိုက်ရ လျှင် ထိုကောင်စုတ်နှင့်သူမ သိုင်းပညာခြင်းအဆင့် ကွာနေကြောင်းသဘောပေါက်သွား၏။
           သို့သော်လည်း ဒေါသထွက်လွန်းနေရာ သိုင်းကွက်ကိုတော့ မရပ်တန့် လိုက်ပါ။ သူမမွေးစားဖခင် ၏သိုင်းပညာဖြစ်သော ``ချယ်ရီပင်မှကြွေရွက်ဝါ´´ဟုအမည် ရှိသည့် ငါးဆယ့်လေးကွက်ပါသော ဓါးသိုင်းဖြင့် တိုက်ခိုက်လိုက်ပြန်သည်။
             ဆရာကြီးမုန့်သည် ထိုဓါးသိုင်းအား သူအမြဲထိုင်နေကြချယ်ရီပင်အိုကြီး၏ နွေရာသီအချိန်တွင် ကြွေကျလာသောသစ်ရွက်များအား ကြည့်ကာတီထွင်ထားခြင်း ဖြစ်၏။
               ခွန်းလွန်းဓါးသိုင်း၏အငွေ့အသက်မကင်းသော ပြိုင်စံရှားဓါးသိုင်း ဖြစ်သော် လည်း အတွင်းအား မပြည့်မီသေးသော ဟွားဟွားကြောင့်ထိုသိုင်းကွက်သည် အားကွေ့အတွက် ဘေးမဖြစ်ခဲ့ပါ။
                          ``ရွှီး…ရွှီး..ရွှီး ´´
             ``ကောင်းလိုက်တဲ့ဓါးကွက် ..လှလိုက်တဲ့ကိုယ်ဟန်လေး…အမလေး ကိုယ်နံ့လေးကလည်း မွှေးလိုက်တာနော်…´´
        အားကွေ့သည် ဟွားဟွား၏ မွှေးပျံ့သော ကိုယ်သင်းရနံ့လေးကို တရှူးရှူးနှင့် ရှူရှိုက်ကာ ပြောင်တီးပြောင်စပ်နှင့် စလိုက်သည်။
                       ``သေနာကောင်စုတ်… ´´
             ဟုသာ ပြန်ပက်လိုက်နိုင်ပြီးဟွားဟွားတစ်ယောက်မျက်ရည်များဝဲလာသည်။
သူမ၏စိတ်ထဲတွင်လည်း ဦးကြီးကျောက်ကျူးထင်ရောက်လာပြီး ထိုကာလနာကောင် ကို ဆုံးမရန်တောင့်တ နေမိ၏။
              အားကွေ့က မျက်ရည်ဝဲနေသော မျက်နှာလေးကို သဘောကျပြီးနောက် သုံးချက်တွဲ ဓါးချက်ကို နောက်ဆုတ်ရှောက်လိုက်ကာ အ၀တ်ထုပ်အား ဖြည်၍
       ``အမယ် ဒါကအနီရောင် ၀တ်စုံလေး …ဒါက အပြာရောင်အတွင်းခံအင်္ကျီလေး  ဟီးဟီး ဒါကတော့အနီရောင်ဂါဝန်လေးဗျ .. ၀တ်များဝတ်လိုက်ရင် ဘယ်လောက် လှလိုက် မလဲမသိဘူး´´
             ``မသာကြီး…နင်…နင်..နင်..အဟင့်…အဟင့်´´
               ဟွားဟွားသည် ဓါးကိုပစ်ချလိုက်ပြီးချူံးပွဲချငိုချလိုက်သည်။ထိုအခါမှ အားကွေ့သည် မိမိ အစလွန်သွားသည်မှန်းသိကာ ပြန်ချော့ရန်ပြင်လိုက်စဉ်တွင်
                    ``ဟွားဟွား… သမီးလေး´´
         စမ်းချောင်းတစ်ဖက်ဆီမှ ကျောက်ကျူးထင်၏ အသံသြသြကြီးထွက်ပေါ်လာခဲ့ သည်… ကျောက်ကျူးထင်သည် ရွာတွင် စားစရာသောက်စရာများ အဆင်သင့် ဖြစ်အောင်  ပြင်ပြီးသည့်အချိန်ထိ ဟွားဟွား ရောက်မလာသေးသောကြောင့်
စိတ်မချ၍ စမ်းချောင်းဘက်သို့ ပြန်လိုက်လာခဲ့ခြင်းသာ ...
           စမ်းချောင်းဘေးတောစပ်လေးတွင် တူမတော်၏ မြင်း ချည်ထားသည်ကို တွေ့ရ၍ ပါးစပ်မှ တကြော်ကြော်အော်ဟစ်ရင်း စမ်းပေါက်ရိုးအတိုင်း လျှောက်လာ သော ကျောက်ကျူးထင်မှာ အကယ်၍ ဟွားဟွားသာ တစ်ခုခု ဖြစ်သွားလျှင် ဟူသော အတွေးဝင်မိပြီး စိတ်ထဲတွင် ထင့် ကနဲ ဖြစ်သွားသည်.. သူ တာဝန်ယူ ခေါ်လာသော ကြောင့် ဟွားဟွားသာ တစ်ခုခုဖြစ်လျှင် ခေါင်းကို ဆင်နင်းသွားသည်ထက် ဆယ်ဆ ပိုဆိုးပေလိမ့်မည်.. ဆရာကြီးမုန့်၏ ဒေါသကို ဦးစွာ ကြုံတွေ့ ရနိုင်ပြီး နောက်ဆက် တွဲမှာလည်း မကောင်းနိုင်...
            ထို့အပြင်သူသည်လည်း ငယ်ကတည်းက ထိန်းကြောင်းလာရသော ဟွားဟွားအား ဆံချည်တမျှင်မှ စွန်းပေခံနိုင်သူမဟုတ်ပေ..
           ဟွားဟွားဟူသည်မှာ သူ၏ သမီးတစ်ယောက်သဖွယ်ပင် မဟုတ်လား..  ထိုစဉ်မှပင် ရုတ်တရက် ဟွားဟွား၏ ငိုကြွေးသံကို ကြားလိုက်ရမိသည်..
          ရှိသမျှအတွင်းအားကို စုပြုံသုံးကာ ဟွားဟွားနာမည်ကို အော်ခေါ်လိုက်ပြီး အသံကြားရသို့ပြေးသွားလိုက်၏...
                တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကျောက်ကျူးထင်တစ်ယောက် တဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားသည်... ပေတီးပေစုတ်နှင့်ကောင်က သူ၏ချစ်စွာသော တူမတော်အား ငိုကြွေးအောင်ပြုနေသည်လေ..  မည်သို့သော သတ္တိမျိုးနှင့် ဟွားဟွားကို ထိပါးဝံ့ရသနည်း.. ထိုငနဲသားအားဆုံးမရန် ရည်ရွယ်၍ စမ်းချောင်းအား ခုန်ကူးသွားလိုက်သည်..
            သိုင်းလောကထိပ်သီးဆယ်ယောက်၏ နံပါတ်နှစ် သိုင်းအကျော်အမော်နှင့် အတွေ့တွင် ဆူးလည်းသဖွယ်ရောက်လေရာ ဟိုညှိဒီညှိနှင့်ပြသနာရှာနိုင်လွန်းသူ မြေခွေးကောင်အားကွေ့ ကံကောင်းနိုင်ပါ့မလားဟူသည် ကတော့ မည်သူမှမပြောနိုင် ပါချေ………
Comments
Popular posts from this blog
အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)
အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)