အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)

#101 ( အစ၏အဆုံး ..အဆုံး၏အစ ) Pyae Phyoe San စာအုပ်ထဲတွင်တော့ သိုင်းကွက်ပုံများ ..မှတ်ချက်ချထားသော စာတမ်းများက တင်းကြမ်းပြည့်နေ၏.. ရုပ်ပုံမပါသော သိုင်းကွက်များပင် တစ်ထောင်ခန့်မျှရှိရာ သူမည်မျှ အချိန်ပေးရေးဆွဲထားသည်ကို သိနိုင်သည် .. အားကွေ့က ယနေ့သူ အသုံးပြုခဲ့သော သိုင်းကွက်များကို အစဉ်လိုက်ရေးနေရင်းဖြင့်.. ''အင်း.. ၀မ်ကုံးရဲ့ငါးမျိုးရှစ်လွှာဓါးကွက်ထက် ငါ့သိုင်းကွက်တွေက ဘယ်လိုပဲ ကြည့်ကြည့် အသာစီးရရမယ့် သိုင်းကွက်တွေပဲ .. ဘာလို့ငါသူ့ကို သိုင်းကွက် ငါးရာနီးပါးအထိအသုံးပြုပြီးမှ နိုင်ရတာပါလိမ့်.. ငါ ဘာလိုအပ်သေးလို့လဲ .. '' အားကွေ့မှာ ထိုအကြောင်းကို နက်နက်နဲနဲစဉ်းစားရန် အတွေးတို့ကို သိုင်းပြိုင်ပွဲဆီသို့ ပြန်လည်ရွှေ့လျားလိုက်ပြီး အစအဆုံး ပြန်လည်သုံးသပ်နေမိ၏ .. အတန်ကြာမှ.. ''ဟုတ်ပြီ ..ဟုတ်ပြီ.. တကယ်တော့ ငါဟာ သိုင်းကွက်နဲ့ လိုက်ဖက်တဲ့ အတွင်းအား ကို အသုံးမပြုနိုင်သေးတာကိုး.. သူများသိုင်းသမားတွေက အတွင်းအားကျင့်စဉ် တစ်မျိုး နှစ်မျိုး ..ဒါမှမဟုတ် အများဆုံး လေးမျိုးလေ...